အီဂျစ် နိုင်ငံမှ ရုရှား နိုင်ငံသို့ ပျံသန်းသည့် ခရီးသည် ၂၀၀ ကျော်ပါ လေယာဉ် ပျက်ကျ



   ကိုင်ရို  ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

    အီဂျစ် နိုင်ငံမှ ရုရှား နိုင်ငံသို့ ပျံသန်း ခဲ့သည့် ခရီးသည် ၂၀၀ ကျော် လိုက်ပါလာသည့် အဲဘတ်စ် 320 လေယာဉ်တစ်စီး ပျက်ကျ သွားခဲ့ကြောင်း အီဂျစ် နိုင်ငံ လေကြောင်း ဌာနမှ ထုတ်ပြန် ခဲ့ပြီး လေယာဉ် အဆက်အသွယ် မပြတ်တောက်မီတွင် လေယာဉ်မှူးမှ စက်ကိရိယာ ချို့ယွင်းမှုကြောင့် ကိုင်ရို လေဆိပ်တွင် အရေးပေါ် ဆင်းသက်ရန် မြေပြင် နှင့် ဆက်သွယ် ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း ထုတ်ပြန်ချက်များ အရ ရုရှား နိုင်ငံသို့ သွားရောက်မည့် လူပေါင်း ၂၀၀ ကျော် လိုက်ပါ ခဲ့သည့် လေယာဉ်သည် ပင်လယ်နီ ဒေသအတွင်း ရှိ ခရီးသွား ဧည်သည်များ စည်ကားသော အီဂျစ် နိုင်ငံ ရှမ်အယ်လ် ရှိတ်မြို့(Sharm el-Sheikh) မှ ရှရှား နိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ ပျံသန်းလာခြင်းဖြစ်သည်။ လေယာဉ်မှာ ဒေသစံတော်ချိန် နံနက် ၀၅း၅၁ နာရီတွင် ပျံတက်ပြီး ၂၃ မိနစ် အတွင်း အီဂျစ် နိုင်ငံ လေကြောင်း ဌာနနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ကာ နောက်ပိုင်းတွင် ပျက်ကျ သွားခဲ့ကြောင်း သိရှိခဲ့ရသည်။

သတင်း ဖော်ပြချက်များ အရ ယင်းလေယာဉ်သည် ရုရှား နိုင်ငံမှ ခရီးသွား အများစု ပါဝင် ခဲ့ပြီး လေယာဉ်ပေါ် တွင် စုစုပေါင်း လူဦးရေ ၂၂၄ ဦး လိုက်ပါ လာကြောင်း သိရှိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
အီဂျစ် နိုင်ငံမှ ရုရှား နိုင်ငံသို့ ပျံသန်းသည့် ခရီးသည် ၂၀၀ ကျော်ပါ လေယာဉ် ပျက်ကျ  အီဂျစ် နိုင်ငံမှ ရုရှား နိုင်ငံသို့ ပျံသန်းသည့် ခရီးသည် ၂၀၀ ကျော်ပါ လေယာဉ် ပျက်ကျ Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.