သမ္မတ ဦးသိန်းစိန် ဘာကြောင့် PR ပိုလုပ်သလဲ

သမ္မတ ဦးသိန်းစိန် 
မြန်မာနိုင်ငံ ​ရွေးကောက်ပွဲအတွက် ​ပါတီပေါင်းစုံက ​မဲဆွယ်စည်းရုံးရေးတွေ ​လုပ်နေသလို ​သမ္မတ ​ဦးသိန်းစိန်ရုံးကလည်း ​သမ္မတရဲ့ ​ကောင်းကြောင်းတွေကို ​ဆက်တိုက် ​ဖော်ပြမှုတွေ ​ပိုလုပ်လာနေပါတယ်။

ပြီးခဲ့တဲ့ ​ရက်ပိုင်းတုန်းကပဲ ​Moving ​Foward ​ရှေ့သို့မြန်မာ ​ဆိုတဲ့ ​ခေါင်းစဉ်အောက်မှာ ​ဗီဒီယိုတွေကို ​အပိုဒ်လိုက် ​ပြသလာနေပါတယ်။

ပထမဦးဆုံး ​တင်ထားတဲ့ ​ဗီဒီယိုမှာတော့ ​လယ်သမားတွေကအစ ​မိုဘိုင်းဖုန်းတွေ ​သုံးလာနိုင်တာ ​သမ္မတ ​ဦးသိန်းစိန်ကြောင့်၊ ​ဘဏ်စနစ်ပြောင်းလဲလာတာ ​သမ္မတ ​ဦးသိန်းစိန်ကြောင့် ​ဆိုပြီး ​ထွက်ပေါ်လာပါတယ်။

ဒုတိယဗီဒီယိုမှာတော့ ​စစ်နဲ့ ​ငြိမ်းချမ်းရေး ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​နိုင်ငံရေးပြဿနာကို ​ဖြေရှင်းဖို့ ​မျှော်လင့်ချက်ပေးနေတဲ့လူကတော့ ​သမ္မတ ​ဦးသိန်းစိန်ပဲ ​ဆိုပြီး ​၆ ​မိနစ်ခွဲကျော်ကြာ ​ပြသခဲ့ပါတယ်။

မနေ့တုန်းကပဲ ​ထွက်ပေါ်လာတဲ့ ​ဗီဒီယိုမှာတော့ ​လွတ်လပ်စွာ ​ရေးသား ​ထုတ်ဖော်ပြောဆိုခွင့် ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​မီဒီယာ ​ကဏ္ဍပြောင်းလဲလာတာ ​သမ္မတ ​ဦးသိန်းစိန်ကြောင့် ​ဆိုပြီးတော့ ​၅ ​မိနစ်စာ ​ဗီဒီယို ​ပြသခဲ့ပါတယ်။

ဒါ့အပြင် ​ရေကြီးမှုနဲ့ ​ပတ်သက်ပြီး ​သမ္မတရဲ့ ​လှုပ်ရှားမှုအကြောင်းကိုလည်း ​သမ္မတရုံး ​ဝဘ်ဆိုက်အပြင် ​MRTV ​သတင်းမှာလည်း ​ဆက်တိုက်ဖော်ပြနေပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ​ခါတိုင်းထက် ​ပိုပြီး ​PR ​လို့ခေါ်တဲ့ ​ကိုယ်အရည်အသွေးမြင့်တင်မှုတွေ ​လုပ်နေတာကို ​ကြည့်ပြီး ​သမ္မတ ​ဦးသိန်းစိန်အနေနဲ့ ​ဒုတိယအကြိမ် ​သမ္မတ ​သက်တမ်း ​ရရှိဖို့ ​ကြိုးစားနေတာ ​ဖြစ်မယ်ဆိုပြီး ​သုံးသပ်နေကြပါတယ်။

သတင်းမီဒီယာတွေမှာ ​လွတ်လပ်မှု ​ရှိလာတယ်ဆိုပေမယ့် ​သမ္မတ ​ဦးသိန်းစိန်လက်ထက်အတွင်း ​သတင်းစာသမားတွေ ​အရေးယူခံရတာတွေ၊ ​နိုင်ငံရေးမှာ ​ဆန့်ကျင်သူတွေနဲ့ ​လူ့အခွင့်အရေး ​လှုပ်ရှားသူတွေ ​ထောင်ချ ​ခံနေရဆဲပဲလို့လည်း ​ပြောဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ​ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့အဆိုအရ ​မြန်မာအကျဉ်းထောင်မှာ ​နိုင်ငံရေးအကျဉ်းသား ​၁၀၈ ​ယောက် ​ရှိနေပြီး ​အခွင့်အရေးလှုပ်ရှားသူ ​အယောက်ပေါင်း ​၄၆၀ ​က ​တရားစွဲဆို ​ခံနေရတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သမ္မတ ဦးသိန်းစိန် ဘာကြောင့် PR ပိုလုပ်သလဲ   သမ္မတ ဦးသိန်းစိန် ဘာကြောင့် PR ပိုလုပ်သလဲ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.