ရွေးကောက်ပွဲ အနှောင့်အယှက်မပေးဟု KNPP အာမခံ



 ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP အနေဖြင့် ရွေးကောက်ပွဲတွင် အနှောက်အယှက် ပေးမည် မဟုတ် ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့က လွိုင်ကော်မြို့ ရဟန်းဖြစ်သင်ကျောင်း၌ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ဆွေးနွေးပွဲတွင် အာမခံချက် ပေးသွားသည်။

၎င်းက “ ရွေးကောက်ပွဲလုပ်တဲ့အချိန် ကျနောတို့ အဖွဲ့အနေနဲ့လည်း လုံးဝအနှောင့်အယှက် ပေးမှာမဟုတ်ပါဘူး။" ဟု ပြောသည်။

လွိုင်ကော်မြို့မှ KNPP ဆက်ဆံရေးရုံးမှ တာဝန်ခံ ခူညေးရယ်က ဆွေးနွေပွဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် NCA မထိုးနိုင်သေးသည့်အတွက် ပြည်တွင်းတွင် နေထိုင်သွားလာနေကြသည့် KNPP နှင့်မိသားစုဝင်များသည်လည်း မဲမပေးနိုင်သေးကြောင်းပြောသွားပါသည်။

ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင်မဲပေးခွင့်မရခဲ့သလို ယခုလည်းမဲစာရင်းတွင် အမည်မပါဟု KNPP အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆော်ရယ်ဒေး ယခုလိုဆွေးနွေးသွားပါသည်။

၎င်းက “ ၂၀၁၀ရွေးကောက်ပွဲတုန်းက ကျနော တောထဲမှရှိနေတဲ့အခါကြတော့ မဲမပေးလိုက်ရဘူး အခုကြပြန်တော့လည်း အတိုင်းအတာတစ်ခုကြောင့်  မဲပေးခွင့်မရပြန်ဘူး̋ ဟု ကပြောသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို KNPP အနေဖြင့် ကန့်ကွက်ထားသော်လည်း ယင်းကြောင့် မဲဆန္ဒရှင် ပြည်သူများကိုလည်း အဟန့်အတား ပြုလုပ်မည်မဟုတ်ကြောင်း မိမိတို့မဲထည့်ခွင့်မရသည်ကိုလည်း ကန့်ကွက်စရာမရှိကြောင်း ခူညေးရယ် ကပြောပါသည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခက်ရပ်ဆဲရေးစာချုပ်ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် များမှဆွေနွေးလျက်ရှိပြီး စာချုပ်ကို လက်မှက်ထိုးပြီးပါက တရာမဝင်အသင်းအဖွဲ့မှ ပယ်ဖျက်ပေးရမည်ဟု တိုင်းရင်းသားလက်နက်ကိုင်များကတောင်းဆိုထားသည်။

KNPP အနေဖြင့် လာမည့်၂၀၁၅ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမည်ဟုသိရသည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ရွေးကောက်ပွဲ အနှောင့်အယှက်မပေးဟု KNPP အာမခံ   ရွေးကောက်ပွဲ အနှောင့်အယှက်မပေးဟု KNPP အာမခံ Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.