KIA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား ၊ အစိုးရတပ်ဘက်မှ အရာရှိစစ်သည် တစ်ဦးအပါအ၀င် စစ်သည်ငါးဦး ကျဆုံးပြီး စစ်သည် ၁၆ ဦး ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်


 ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မံစီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နှင့် အစိုးရတပ်မတော် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ အရာရှိတစ်ဦး အပါအ၀င် စစ်သည်ငါးဦး ကျဆုံးခဲ့ပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ပိုင် မြ၀တီသတင်းက ထုတ်ပြန်သည် ။

ဗန်းမော်ခရိုင် ၊ မံစီမြို့ အရှေ့တောင်ဘက် ၁ မိုင်လောက်အကွာ တောင်ကုန်းတွင် တပ်စွဲထားသည့် ကေအိုင်အေနှင့် အစိုးရတပ်များအကြား စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦး သေဆုံးကာ စစ်သည်လေးဦး ဒဏ်ရာရရှိခဲ့သည် ။ လိုက်ကာ ၊ ဆွတ်ဂျာနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများ စက်တင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ မိုင်းဖြစ်စဉ်လေးကြိမ်နှင့် ထိတွေ့မှု ၆ ကြိမ်ဖြစ်ပွားပြီး တပ်မတော်စစ်သည် သုံးဦး ကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရရှိခဲ့ကြောင်း၊ မိုင်ခေါင် - မံစီ ကားလမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်မတော်က စစ်သည် တစ်ဦး ကျဆုံးပြီး ၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည် ။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
KIA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား ၊ အစိုးရတပ်ဘက်မှ အရာရှိစစ်သည် တစ်ဦးအပါအ၀င် စစ်သည်ငါးဦး ကျဆုံးပြီး စစ်သည် ၁၆ ဦး ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်  KIA နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား ၊ အစိုးရတပ်ဘက်မှ အရာရှိစစ်သည် တစ်ဦးအပါအ၀င် စစ်သည်ငါးဦး ကျဆုံးပြီး စစ်သည် ၁၆ ဦး ဒဏ်ရာရကြောင်း သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.