ဆီးရီးယားက ISကို သြစီ စတိုက်ပြီ

သြစတြေးလျရဲ့ တိုက်လေယာဉ်တစ်စင်း (Credit: ABC licensed)
 သြစတြေးလျနိုင်ငံက ​လေတပ်က ​ဆီးရီးယားနိုင်ငံအတွင်းက ​IS ​ကို ​ပစ်မှတ်ထားတဲ့ ​တိုက်ခိုက်မှု ​စတင်လိုက်ပြီလို့ ​ကာကွယ်ရေးဝန်ကြီး ​Kevin ​Andrews ​က ​ပြောပါတယ်။

သုံးကြိမ်တိုက်ခိုက်မှု ​လုပ်ခဲ့တာ ​ဖြစ်ပြီး ​အဲဒီနေရာတွေကတော့ ​ရေနံစုဆောင်းရာနေရာ၊ ​IS ​အတွက် ​အချက်အချာကြတဲ့နေရာတစ်ခုနဲ့ ​IS ​အဖွဲ့အတွက် ​ပစ္စည်းတွေ ​သယ်ဆောင်ပေးတဲ့ ​ယာဉ်ကို ​တိုက်ခိုက်မှုတွေ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

လွန်ခဲ့တဲ့ ​နှစ်ရက်ကတည်းက ​တိုက်လေယာဉ်တွေနဲ့ ​တိုက်ခိုက်ခဲ့တာလို့လည်း ​ပြောပါတယ်။

အဲဒီတိုက်လေယာဉ်တွေဟာ ​သူတို့ ​ပစ်မှတ်ထားတဲ့ ​နေရာကို ​ပစ်ခတ်ဖို့ ​ခွင့်တောင်းပြီး ​လေယာဉ်ထိန်းချုပ်ရေးဌာနက ​ခွင့်ပြုမှသာ ​ပစ်မှတ်ကို ​တိုက်ခိုက်တာလို့ ​ဆိုပါတယ်။

အဝေးကနေ ​တိုက်ခိုက်တာ ​ဖြစ်တဲ့အတွက် ​သြစတြေးလျ ​တိုက်လေယာဉ်တွေအနေနဲ့ ​ပြန်လည် ​တိုက်ခိုက်ခံရနိုင်တဲ့ ​အလားအလာ ​မရှိဘူးလို့ ​ပြောပါတယ်။

ဒီလို ​တိုက်ခိုက်မှုအတွင်း ​ပြည်သူတွေကို ​မထိခိုက်စေလိုတဲ့အတွက် ​သေခြာတွက်ချက်ပြီးမှ ​တိုက်ခိုက်မှု ​လုပ်တာလို့လည်း ​သြစတြေးလျ ​ကာကွယ်ရေးဝန်ကြီးက ​ပြောပါတယ်။

ဆီးရီးယားနိုင်ငံက ​IS ​ကို ​တိုက်ခိုက်သူတွေထဲမှာ ​အမေရိကန်၊ ​ကနေဒါ၊ ​ဘာရိန်း၊ ​ဂျော်ဒန်၊ ​ဆော်ဒီအာရေးဗီးယား၊ ​တူရကီနဲ့ ​UAE ​နိုင်ငံတို့ ​ပါဝင်တယ်လို့လည်း ​သိရပါတယ်။

ဒါ့အပြင် ​အီရတ်မှာ ​ရှိတဲ့ ​IS ​ကိုလည်း ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေ ​လုပ်ဆောင်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆီးရီးယားက ISကို သြစီ စတိုက်ပြီ   ဆီးရီးယားက ISကို သြစီ စတိုက်ပြီ Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.