မြန်မာ ရွေးကောက်ပွဲကို EU စောင့်ကြည့်မယ်

အီးယူအလံ (Credit: ABC) 
 မြန်မာနိုင်ငံမှာ ​ကျင်းပတဲ့ ​ရွေးကောက်ပွဲကို ​စောင့်ကြည့်ဖို့ ​ဥရောပ ​သမဂ္ဂ ​အီးယူက ​စောင့်ကြည့်သူတွေကို ​စေလွတ်မယ်လို့ ​ကြေညာလိုက်ပါတယ်။

အီးယူး ​စောင့်ကြည့်ရေး ​အဖွဲ့ထဲမှာ ​သုံးသပ်ဝေဖန်သူ ​၉ ​ဦးအပြင် ​ရေရှည်မှာ ​စောင့်ကြည့်သူ ​၃၀ ​ဦးနဲ့ ​ရေတိုအတွက် ​စောင့်ကြည့်သူ ​၆၂ ​ဦး ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

အီးယူ ​ရွေးကောက်ပွဲ ​စောင့်ကြည့်ရေး ​အဖွဲ့အပြင် ​အီးယူရဲ့ ​သံတမန်တွေကလည်း ​စောင့်ကြည့်မှု ​လုပ်သွားမယ်လို့ ​ဆိုပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကလည်း ​မြန်မာ ​ရွေးကောက်ပွဲမှာ ​အဖွဲ့အားလုံးကို ​ပါဝင်နိုင်အောင် ​လုပ်ဆောင်ဖို့နဲ့ ​ပြည်သူတွေ ​လိုလားတဲ့ ​ရွေးကောက်ပွဲ ​ရလဒ် ​ထွက်ပေါ်ဖို့က ​အရေးကြီးတယ်လို့ ​ပြောသွားခဲ့ပါတယ်။

အမေရိကန် ​နိုင်ငံမှာ ​ကျင်းပတဲ့ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံရဲ့ ​သီးသန့် ​ဆွေးနွေးမှု ​တစ်ခုမှာ ​မြန်မာ့အရေး ​ပူးပေါင်း ​ဆောင်ရွက်ရေး ​မဟာမိတ်အဖွဲ့တွေ ​တွေ့ဆုံမှုအတွင်း ​ပြောသွားခဲ့တာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာ ရွေးကောက်ပွဲကို EU စောင့်ကြည့်မယ်  မြန်မာ ရွေးကောက်ပွဲကို EU စောင့်ကြည့်မယ် Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.