Coca Cola အချိရည်နှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် - စက်တင်ဘာ ၂၄

ယနေ့ နံနက် ၆နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန် မြောက်ဥက္ကလာ ပမြို့နယ် အမှတ်(၃)လမ်းဆုံအနီး ဇေကမ္ဘာ(၇)လမ်း၊ အမှတ်(၂၈၉)ရှိ ဦးသန်းကျော် ပိုင်ဆိုင်သော ရွှေသန်းကျော်ကုမ္ပဏီမှ ငှားရမ်းကာ Coca cola ကုမ္ပဏီမှ အချိုရည်နှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ထားသည့် အုတ်သွပ်ကာ၊ ကွန်ကရစ်ခင်း၊ သွပ်မိုး ဂိုဒေါင် (၂၅၀x၂၀၀)ပေ မီးလောင်မှုဖြစ်ပွားခဲ့သည်။


မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ခေါင်းဆောင်သော မီးသတ်ယာဉ် (၄၄)စီး၊ အုပ်ချုပ်မှုယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ်(၆)စီး၊ ကြက်ခြေနီယာဉ်(၉)စီးနှင့် မိတ်ဖက် ယာဉ်(၄)စီးတို့ ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၈နာရီ ၄၅မိနစ်အချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး နေ့လည် ၁၂ နာရီ အချိန်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်လျက်ရှိပြီး အရေးယူနိုင်ရေးအတွက် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Coca Cola အချိရည်နှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင် မီးလောင်မှုဖြစ်ပွား Coca Cola အချိရည်နှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.