ဗန်ကောက်ဗုံးခွဲကြိုးကိုင်သူ ဘင်္ဂလားဒေ့ရှ်မှ တရုတ်နိုင်ငံသို့ ထွက်ပြေးသွားပြီဟုဆို


 ဗန်ကောက် စက်တင်ဘာ ၁၁

 လွန်ခဲ့သည့်လက ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ်၌ ဗုံးခွဲတိုက်ခိုက် မှု ကြိုးကိုင်သူသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၁၂ ရက်ကြာ နေထိုင်ပြီး နောက် တရုတ်နိုင်ငံသို့ ထွက်ပြေး သွားကြောင်း၊ မလေးရှားနိုင်ငံတွင် အဆိုပါသံသယရှိ အမျိုးသားသည် ဖောက်ခွဲရန်ကြိုးစားမှုမှာ မအောင်မြင် ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သောကြာ နေ့တွင် ပြောကြားလိုက်သည်။

လွန်ခဲ့သော သြဂုတ် ၁၇ ရက်က ဗန်ကောက်မြို့ ဟိန္ဒူဘုရားကျောင်း ဗုံးပေါက်ကွဲမှုတွင် နိုင်ငံခြားသား ၁၄ ဦးအပါအဝင်လူပေါင်း ၂ဝ သေဆုံးခဲ့ သည်။ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရသေး ကြောင်း ရဲအဖွဲ့ကပြောသည်။

ဒါကာမှပေကျင်းသို့ သြဂုတ် ၃ဝ ရက်တွင် မထွက်ခွာမီ ဗုံးဖောက်ခွဲမှု ကြိုးကိုင်သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် နှစ်ပတ်ကြာနေထိုင်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆထားသည်။
''ကျွန်တော်တို့အနေနဲ့ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနနှင့်အတူ သံသယရှိသူရဲ့ အမည်၊ ရောက်ရှိတဲ့ ရက်စွဲ၊ ပတ်စ်ပို့နံပါတ်တို့ကို စစ်ဆေး ခဲ့ပါတယ်''ဟု ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးမှူးချုပ် အေကေ အမ်ရှာဟီဒူလ်ဟိုကေးက ပြောသည်။

နိုင်ငံကူး လက်မှတ်ပေါ်တွင် အဆိုပါအမျိုးသား၏ အမည်မှာ အဘူဒူစတာအဗ္ဗဒူလ်ရာမန်ဟု ဖော်ပြ ထားကြောင်း၊ သံသယရှိသူ၏ဟိုတယ် ကိုရှာဖွေနေကြကြောင်း ဟိုကေးက ထပ်လောင်းပြောဆိုသည်။ သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံ တစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိဟု ဆိုသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဗန်ကောက်ဗုံးခွဲကြိုးကိုင်သူ ဘင်္ဂလားဒေ့ရှ်မှ တရုတ်နိုင်ငံသို့ ထွက်ပြေးသွားပြီဟုဆို  ဗန်ကောက်ဗုံးခွဲကြိုးကိုင်သူ ဘင်္ဂလားဒေ့ရှ်မှ တရုတ်နိုင်ငံသို့ ထွက်ပြေးသွားပြီဟုဆို Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.