ချမ်းမြသာစည်မြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား


မန္တလေး စက်တင်ဘာ ၎

 မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၆၂)လမ်းနှင့် (၆၄)လမ်းကြား မြို့သစ် (၄)ရပ်ကွက်နေ အိမ်ရှင် အောင်ကျော်သူ(၄၄)နှစ်၏ ပေ ၂ဝ x ၁ဝ ပေသွပ်မိုး ထရံကာနေအိမ်၌ စက်တင်ဘာ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနေအိမ် ခြောက်လုံး၊ ဂိုဒေါင်တစ်လုံး၊ နံကပ် နှစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး ၄ဝ၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၅ ဦး၊ ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၈ဝ တို့သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု ကိုးစုမှ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၂ ဦးအား ဓမ္မရက္ခိတဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး အောင်ကျော်သူအား ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ချမ်းမြသာစည်မြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား  ချမ်းမြသာစည်မြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.