ယနေ့ နံနက် အမြန်လမ်း ယာဉ်တိုက်မှု သေဆုံး၊ ဒဏ်ရာရသူများပြား


၂၀၁၅-ခုနှစ် စက်တင်ဘာလ (၁၉)ရက် နံနက်(၀၅း၄၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၁/၄ နှင့် ၂၈၁/၅ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ယာဉ်မောင်း ဦးစောနီအောင်၊ (၄၉)နှစ်၊(ဘ)ဦးအောင်ခင်၊ ၉/မနဘ(နိုင်)၀၁၁၈၃၅၊ သာစည်လမ်း၊ ဌာနေအရှေ့ရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ နေသူ မောင်းနှင်လာသော ယာဉ်အမှတ်- 7G/3299 HAISE အမျိုးအစား ``မန်းရွှေမြို့တော်´´ စင်းလုံးငှါး ခရီးသည်တင် (ညိုမီးခိုးရောင်)မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ယာဉ်မောင်း ဦးသိန်းလွင်၊ (၄၂)နှစ်၊ (ဖ) ဦးသိန်းဖေ၊ ၉/လ၀န(နိုင်) ၀၇၃၂၅၆၊ ကြံခင်းရပ်၊ သာဝတ္ထိကျေးရွာ၊ လယ်ဝေးမြို့နေသူ မောင်းနှင်နေသော ယာဉ်အမှတ် 5H/8741 ISUZU (အဖြူရောင်) မော်တော်ယာဉ်၏ နောက်ပိုင်းအား ၀င်တိုက်မိခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


မန်းရွှေမြို့တော်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ကျား(၇)ဦး၊ မ(၁၀)ဦး၊ ပေါင်း(၁၇)ဦး အနက် မ(၁)ဦးမှာ နေရာတွင်သေဆုံးပြီး၊ ကျား(၄)ဦး၊ မ(၁၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ISUZU ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၁၂)ဦး၊ မ(၁၄)ဦး၊ ပေါင်း(၂၆)ဦးအနက် ကျား(၅)ဦး၊ မ(၈)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ လမ်းအပိုင်းတာဝန်ခံအင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီရေးအသင်းအဖွဲ့များမှ အမြန်ဆုံးရောက်ရှိပြီး ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဖြစ်စဉ်အား သီးကုန်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင် ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ <<<<
Yangon-Mandalay Expressway
ယနေ့ နံနက် အမြန်လမ်း ယာဉ်တိုက်မှု သေဆုံး၊ ဒဏ်ရာရသူများပြား  ယနေ့ နံနက် အမြန်လမ်း ယာဉ်တိုက်မှု သေဆုံး၊ ဒဏ်ရာရသူများပြား Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.