ရေကြည်မြို့နယ်၌ ဟီးနိုးယာဉ် တိမ်းမှောက်မှုဖြစ် သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ


 နေပြည်တော် စက်တင်ဘာ ၁၁

 ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နယ် ရွှေကျောင်းကုန်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၅၂/၄-၅)ကြားတွင် စက်တင်ဘာ ၉ ရက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၉ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ငါးသိုင်း ချောင်းမြို့မှ အသုတ်မြို့သို့ အင်္ဂပူ မြို့နယ် ချောင်းဂွကျေးရွာနေ ချစ်ဦး (၂၈)နှစ်မောင်းနှင်ပြီး မျောက်ချောနှင့် တောင်သရက်သစ် သုံးတန်ခန့်၊ ဝါးအလုံး ၄ဝဝ တင်ဆောင်လာသော ဟီးနိုးခြောက်ဘီးယာဉ်သည် ယာဘက် နောက်ဘီးမူလီများ ကျွတ်ထွက်ပြီး လမ်း၏ယာဘက်ဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်တွင်လိုက်ပါလာသည့် အင်္ဂပူ မြို့နယ် မှော်တောကုန်းကျေးရွာနေ ဝင်းခင်(၃ဝ)နှစ်၊ ချောင်းဂွကျေးရွာနေ ခင်လှိုင် (၂၂)နှစ်နှင့် သန်းစိုး(၄ဝ)နှစ်တို့တွင် ဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းချစ်ဦးနှင့် တစ်ရွာတည်း နေ အေးမိုး(၁၉)နှစ်ပါ ငါးဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် သစ်များမှာ တရားမဝင်သစ်များ ဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ ယာဉ်မောင်းချစ်ဦး အား ရေကြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရေကြည်မြို့နယ်၌ ဟီးနိုးယာဉ် တိမ်းမှောက်မှုဖြစ် သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ   ရေကြည်မြို့နယ်၌ ဟီးနိုးယာဉ် တိမ်းမှောက်မှုဖြစ် သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.