အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား

အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ဘာရီယာတုံးအား တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်၍ (၂)ဦး ဒဏ်ရာရ
နေပြည်တော်၊ စက်တင်ဘာ ၁၀

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၃)ရပ်ကွက်နေ ဝင်းလွင်ဦး(၃၇)နှစ်မောင်းနှင်လာသော 5H/×××× ကင်တာဖြူနီကြားရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင်ကာရံထားသည့် ဘာရီယာတုံးများအား တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါ လာသူများ အနက် အုတ်တွင်း မြို့နယ်၊ သာဂရရွာနေ ကိုထွန်းထွန်း(၃၃)နှစ်ပါ(၂)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဝင်းလွင်ဦးအား ဗောဓိကုန်းအမြန် လမ်းမကြီးရဲစခန်း ယာဉ်(ပ)၃၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား  အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.