မြိတ်မြို့ နယ်အတွင်း ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်နေ


 16September 2015

 ယနေ့ မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြိတ် နေရာအနှံတွင် ရေကြီးမှု နှင့်အတူ ကျွဲကူးမှာမြေပြိုမှုဖြစ်ပွား နေကြောင်း သိရပြီး မြိတ် ကျွဲကူး ကားလမ်း ရေကျော်မှု ဖြစ်ခဲ့ကြောင်း သိရပါသည်။

မိုးရေချိန် သုံးလက်မနှင့် အထက်ရှိနိုင်သည်ဟု ခန့် မှန်းတွက်ချက် ကြေငြာ မှုများ ထွက်ပေါ်လာပြီးနောက်
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပါရမီ ပေ၆၀ လမ်းမကြီးနှင့် ဘုရားကိုင်ချောင်း နှင့် စက်ဆပ်လျက်ရှိသော နေအိမ်တချို့ အောက်ခြေသို့ ရေဝင်ခဲ့သည်။


ယခုအခါ ပါရမီ လမ်းမကြီးသည် ဆက်လက်၍ ရေနစ်မြုပ်ဆဲဖြစ်ပြီး ပါရမီ စာသင်ကျောင်း မှ ကျောင်းသားများ ကျောင်းဆင်းချိန်တွင် အခက်တွေ့ ခဲ့သည်။

ပါရမီပေ၆၀ လမ်းမကြီးသည် ဘုရားကိုင်ရပ် မြို့ သစ်ရပ် ခရူတောရပ် ကန်ဘောင်ရိုးရပ် ကြောင်ငယ် ရပ် တို့ နှင့်ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး တစ်ခုဖြစ်သည်။

january kopwar
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
မြိတ်မြို့ နယ်အတွင်း ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်နေ   မြိတ်မြို့ နယ်အတွင်း ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်နေ Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.