ထန်းပင်ကန်ကျေးရွာနှင့် ဆည်တို ကျေးရွာအတွင်းရှိ ခိုင်း နွားအချို့ ခွာနာ၊ လျှာနာရောဂါဖြစ်၊ နွားပွဲဈေး ယာယီပိတ်ထား


 မလှိုင် စက်တင်ဘာ ၅

 မန္တလေးတိုင်းဒေသကြီး မလှိုင် မြို့နယ် ထန်းပင်ကန်ကျေးရွာနှင့် ဆည်တို ကျေးရွာအတွင်းရှိ ခိုင်း နွားအချို့နှင့် မွေးနွားအချို့တို့တွင် ခွာနာ၊ လျှာနာရောဂါများ ဖြစ်ပွား နေသဖြင့် မလှိုင်နွားပွဲဈေးကို ယာယီ တစ်လပိတ်ထားကြောင်း သိရသည်။

ထန်းပင်ကန်ကျေးရွာနှင့် ဆည် တိုကျေးရွာအတွင်းရှိ ခိုင်းနွားအချို့ နှင့် မွေးနွားအချို့တို့တွင် သြဂုတ် ၂၃ ရက်မှစတင်၍ ခြေထောက်နာ ခြင်း၊ သရေကျခြင်း၊ သွားကြိတ် ခြင်း၊ အစားပျက်ခြင်း စသည့်သံသယ ဖြစ်ဖွယ် ခွာနာ၊ လျှာနာ ရောဂါ လက္ခဏာများ ဖြစ်ပွားနေသဖြင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးကိုနှင့် တာဝန်ရှိသူ များက ရောဂါဖြစ်ပွားရာနေရာများသို့ သွားရောက်၍ အချိန်နှင့်တစ်ပြေးညီ ဆေးကုသပေးခြင်း၊ ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန၊ နေပြည်တော်ရုံးချုပ် သုတေသနနှင့် ရောဂါထိန်းချုပ်ရေး ဌာနခွဲ၊ ခွာနာ၊ လျှာနာ ဌာနစိတ်မှ ဒေါက်တာစိန်လွင် ဦးဆောင်သော အဖွဲ့ကလည်း ရောဂါဖြစ်ပွားရာ ဒေသသို့ သွားရောက်၍ ခွာနာ၊ လျှာနာ ရောဂါလက္ခဏာများ ခံစား နေရသော နွားများကို ဆေးကုသ ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်အတည်ပြု နိုင်ရန် ရောဂါနမူနာ ပစ္စည်းကောက် ယူခြင်း၊ ဆက်စပ်ကျေးရွာများမှ တိရစ္ဆာန်များကို ကာကွယ်ဆေးများ ထိုးနှံခြင်း၊ ဆေးကုသခြင်းနှင့် စောင့် ကြည့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ခွာနာ၊ လျှာနာ ရောဂါသည် ခိုင်းနွားများနှင့် မွေးနွားများတွင် ဖြစ်လေ့ ဖြစ်ထရှိသော ရောဂါတစ်မျိုး ဖြစ်ပြီး အတူနေတိရစ္ဆာန်များကို အမြန်ဆုံးကူးစက် ပြန့်ပွားနိုင်သော ရောဂါဖြစ်သည်။

ထို့အပြင် ကူးစက်ပျံ့နှံ့မှုကြောင့် ရောဂါဖြစ်ပွားလျှင်လည်း ထိန်းချုပ် ရန် ခက်ခဲကြောင်း သိရသည်။ သို့ဖြစ်၍ မြို့နယ်အတွင်းရှိ အခြား ကျေးရွာများသို့ ရောဂါကူးစက်ပြန့် ပွားမှု မရှိစေရန်နှင့် ရောဂါထိန်းချုပ် နိုင်စေရန်အတွက် ထန်းပင်ကန် ကျေးရွာနှင့် ဆည်တိုကျေးရွာတို့မှ ခိုင်းနွားများနှင့် မွေးနွားများကို ကျေးရွာအုပ်စုအတွင်းမှ ပြင်ပသို့ သယ်ဆောင်ခြင်း မပြုလုပ်ရန်နှင့် ပြင်ပမှနွားများကိုလည်း သယ်ဆောင် လာခြင်းမပြုလုပ်ရန် တားမြစ်ထား သည်။ ထို့အပြင် ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လိုအပ်ချက်အရ ငါးရက်လျှင် တစ်ဈေးခင်းသည့်မလှိုင် နွားပွဲဈေးကိုလည်း သြဂုတ် ၂၉ ရက် နေ့မှစတင်၍ ယာယီတစ်လပိတ် ထားကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထန်းပင်ကန်ကျေးရွာနှင့် ဆည်တို ကျေးရွာအတွင်းရှိ ခိုင်း နွားအချို့ ခွာနာ၊ လျှာနာရောဂါဖြစ်၊ နွားပွဲဈေး ယာယီပိတ်ထား   ထန်းပင်ကန်ကျေးရွာနှင့် ဆည်တို ကျေးရွာအတွင်းရှိ ခိုင်း နွားအချို့ ခွာနာ၊ လျှာနာရောဂါဖြစ်၊ နွားပွဲဈေး ယာယီပိတ်ထား Reviewed by THITHTOOLWIN on 06:59 Rating: 5
Powered by Blogger.