ဖရူဆိုမြို့နယ်တွင်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေ


 ကယားပြည်နယ် ဖရူဆိုမြို့၊ ကေးလျားကျေးရွာအုပ်စုအတွင်းတွင် ကြက်၊ ငှက် တုပ်ကွေးဖြစ်ပွားနေကြောင်း ထီးသဲကူးကျေးရွာ ဥက္ကဌ ဦးမြာရယ်က စက်တင်ဘာလ ၉ ရက် ပြောသွားသည်။

ထီးသဲကူးကျေးရွာ၏ ကြက်၊ငှက် တုပ်ကွေးဖြစ်ပွားမှုသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိ ကြောင်း၊ ကြက်တုပ်ကွေး ဖြစ်ချိန်တွင် ရက်ပိုင်းအတွင်းရွာအတွင်းရှိ ကြက်များသေဆုံး သွားကြောင်း၊ တစ်နှစ်လျှင် နှစ်ကြိမ် သုံးကြိမ်ဖြစ်နေကြောင်း ၎င်းရွာတွင်နေထိုင်သော ဥက္ကဌ ဦးမြာရယ် ကဆက်လက်ပြောသွားသည်။

ထီးသဲကူးကျေးရွာတွင် ကြက်နာရောဂါဖြင့် သေဆုံးနေသည့် ကြက်မကို မြင်တွေ့ရစဉ် (ဓါတ်ပုံ-ထွေးမြာ)ထီးသဲကူးကျေးရွာတွင် ကြက်နာရောဂါဖြင့် သေဆုံးနေသည့် ကြက်မကို မြင်တွေ့ရစဉ် (ဓါတ်ပုံ-ထွေးမြာ)ထီးသဲကူးကျေးရွာတွင် ကြက်များ သေဆုံးနေ သည့် မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည့် ဒီးမော့ဆိုမြို့မှ သတင်းထောက် မဝေဝေအောင်က “ကျွန်မတို့တွေ့တဲ့ချိန်မှာဆိုရင် ကြက်မကြီးနဲ့ သူ့ကလေးတစ်အုပ်က လမ်းပေါ် သွားနေတဲ့ချိန်မှာ သူ့အမေက ဆန့်ငြင်ဆန့်ငြင် ဖြစ်ပြီးလဲကျသွားတယ်။ နှားရည်တွေ ထွက်ကုန်တယ် သူ့ကလေးတွေက သူ့ရဲ့နှားရည်ကို သွားဆိပ်နေကြတယ် အဲကနေတစ်ဆင့်လဲ ကူးစက်နိုင်တယ်” ဟု ပြောသည်။

ကလေးများကျောင်းဆင်းချိန်တွင်လည်း လမ်းပေါ်တွင်လဲနေသော ကြက် မကြီးကို တုတ်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း၊ သွား၍ဆော့ နေကြကြောင်း၊ ထိုမှတစ်ဆင့် လည်းကလေးများကို ရောဂါကူးဆက်နိုင်ကြောင်း ၎င်းက ပြောသွားသည်။

ထိုကြက်နာကျခြင်း ဖြစ်ပွားနေစဉ် သေဆုံးသွားသည့် ကြက်များကို ချက်စားခြင်း မပြုကြောင်း သို့သော် စနစ်တကျ မြေမြှပ်ထားခြင်းမရှိကြောင်း သိရသည်။

Written by ထွေးမြာ
http://www.ktimes.org
ဖရူဆိုမြို့နယ်တွင်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေ  ဖရူဆိုမြို့နယ်တွင်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.