ရန်ကင်းမြို့နယ်တွင် ခါးပိုက်နှိုက်အုပ်စု ဖမ်းမိ


ရန်ကင်းမြို့နယ်တွင် ခါးပိုက်နှိုက်များဖမ်းဆီးရမိ
 ရန်ကုန်၊ စက်တင်ဘာ ၁၆

 ၁၄.၉.၂၀၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များ ဖမ်းဆီးရမိရေးအတွက် ရန်ကင်းမြို့နယ်အတွင်း သတင်း စုံစမ်းဆောင်ရွက်ခဲ့ပြီး ၁၂၃၀ အချိန်တွင် မိုးကောင်းဘုရားကားမှတ်တိုင်၌ စောင့်ကြည့် သတင်း စုံစမ်းနေစဉ် မှတ်တိုင်သို့ ဆိုက်ရောက်လာသော အမှတ်
(၂၅၂)ဘီအမ်ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ များဖြစ်ကြသော မြောက်ဥက္ကလာပမြို့နယ်နေ အုန်းဖေ(ခ)ခင်ရွှေ၊ (၅၇)နှစ်၊ ကတုံး(ခ)ဖြိုးဝေစိုး၊ (၃၂)နှစ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ဘဲတီးဂွတ် (ခ)တင်ထွဋ်၊ (၆၃)နှစ်၊ မရမ်းကုန်းမြို့နယ်နေ စိန်ဝင်း(ခ)မြင့်လွင်၊ (၆၃)နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မောင်ချို၊ (၆၃)နှစ်တို့ (၅)ဦးအားတွေ့ရှိသဖြင့် စစ်မေးရှာ ဖွေခဲ့ရာ မောင်ချိုလွယ်ထားသော လွယ်အိတ် အတွင်းမှ အလေးချိန် ၁ ပဲ ၁ရွေးခန့်ကျောက် ပါရွှေနားဒေါင်း ၁ ခု၊ ရွှေဘောင်ချာ ၁ ရွက်၊ အနီရောင် ရွှေထည့်သည့်ဘူး၁ဘူး၊ နှင့် ငွေကျပ်(၁၅၀၀၀)တို့ကို တွေ့ရှိ ခဲ့ပါသည်။

စစ်ဆေးချက်အရ တွေ့ရှိသည့်ပစ္စည်းနှင့်ငွေများကို ၎င်းယာဉ်ပေါ်ပါ အသက်(၄၀)နှစ်ခန့်ရှိ ခရီးသည် အမျိုးသမီး၏ ထမင်းချိုင်ထည့်သော လက်ဆွဲအိတ်အတွင်းမှ ၎င်းတို့အတူ ၀ိုင်းဝန်းလူကာပေးပြီး ကတုံး(ခ)ဖြိုးဝေစိုးက နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ရန်ကင်းမြို့မရဲစခန်း(ပ)၂၃၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/ ၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရန်ကင်းမြို့နယ်တွင် ခါးပိုက်နှိုက်အုပ်စု ဖမ်းမိ  ရန်ကင်းမြို့နယ်တွင် ခါးပိုက်နှိုက်အုပ်စု ဖမ်းမိ Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.