ရွေးကောက်ပွဲ အတွက်ခင်းကျင်းလိုက်သော ဒီချုပ်ဗျူဟာ


 ညီညွတ်ရေးနှင့် အသက်ရှည်ရှည်ခင်ခင်မင်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး အားနည်းချက်များကို ထောက်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲအလားအလာကို အကဲဖြတ်ကြရာတွင် ကချင်နှင့် ရခိုင်အရေးအရာများနှင့် ဆက်စပ်ပြီး တိုင်းရင်းသားဒေသ များတွင် ထောက်ခံမှုများ ကျဆင်းနေသည်ဟု ဆိုချင်ကြသည်။ သို့သော် လည်း ယခုရက်ပိုင်းအတွင်း သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ခရီးစဉ်များတွင် တိုင်းရင်းသား များ၏ ထောက်ခံမှုမှာ လျော့နည်းသွားသည့် လက္ခဏာကို မတွေ့ရချေ။ ဆီဆိုင်မြို့မှ တိုင်းရင်းသားများနှင့်တွေ့ဆုံရာတွင်သူက တိုင်းရင်းသား ဒေသများတွင် အဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ အခွင့်အရေး များကို လုယူချင်သောကြောင့် မဟုတ်ကြောင်းဗဟိုအစိုးရအပြောင်းအလဲ အတွက်အင်အားလိုသောကြောင့်သာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူ သည် အာဏာရပြည်ခိုင်ဖြိုးပါတီကပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင် သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုန်းမြို့နယ်သို့ပင် သွား ရောက်ခဲ့ပြီး ဟိုပုန်းမြို့နယ် မဲနယ်တောင်ခြေရှိ ကုလသမဂ္ဂအစီအစဉ်ဖြင့် ဘိန်းအစားထိုးကော်ဖီစိုက်ပျိုးရေးဆောင်ရွက်နေသည့် ဝမ်ဟေ့ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံစကားပြောဆိုရာတွင် မြေပြင်၌အတူဝိုင်းဖွဲ့စကား ပြောကြပုံများကို သတင်းစာများက တခမ်းတနားဖော်ပြကြသည်။ ထိပ် တန်းနိုင်ငံရေးခေါင်းဆောင်တစ်ဦးနှင့် မြေတစ်ပြင်တည်းဝိုင်းဖွဲ့စကား ပြောရသည်မှာ တိုင်းရင်းသားများအဖို့ မကြုံစဖူးဖြစ်ရပ်ဖြစ်သည့်အပြင် မနောခွေ့စရာပင်ဖြစ်သည်။ ယင်းဒေသတွင် အဖွဲ့ချုပ်ကိုယ်စားလှယ်များ ဝင်ရောက်အရွေးခံကြမည်ဖြစ်သည်။ ထိုအခြေအနေမှာ ဒေါ်အောင်ဆန်း စုကြည်က စစ်ဗိုလ်ချုပ်ကြီးများ၏ ကိန်းကြီးခမ်းကြီးနိုင်မှုအပေါ် ခြေတစ် လှမ်းအသာရသွားခြင်းပင်ဖြစ်သည့်အပြင် သူ့အား တိုင်းရင်းသားများ၏ ထောက်ခံမှုကို ချစ်ကြည်ရင်းနှီးစွာ ပြသလိုက်ခြင်းပင်ဖြစ်သည်။ ပအိုဝ့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်းမြင့်ထွန်းမှာ ၁၉၉ဝ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်ခဲ့ဖူးသည်။

ကညာပျိုနှင့် ဇရာအို

၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ် ရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကိုလည်း အဖွဲ့ချုပ်၏ နောက်ထပ် အားနည်းချက်တစ်ခုအဖြစ် ရှုမြင်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပါတီဝင်မဟုတ်သူများကိုလည်း ဖိတ်ခေါ်ခဲ့သည့်အတွက် နိုင်ငံရေးတွင်ထင်ရှားသူအများအပြားလျှောက်ထားခဲ့ကြသည်။ သို့သော် အများက မျှော်လင့်ထားကြသည့်သူအများအပြားပါဝင်မလာခြင်းအပေါ် အားမလိုအားမရဖြစ်ကြသည်။ ပါတီအောက်ခြေတွင် သဘောထား ကွဲလွဲမှုများဖြစ်ပြီး ထုတ်ပယ်အရေးယူမှုများရှိခဲ့သလို နုတ်ထွက်မှုများ လည်းရှိခဲ့သည့်အတွက် ရွေးကောက်ပွဲတွင်အား နည်းမှုများဖြစ်ပေါ်လာနိုင် သည်ဟု တွက်ဆကြသည်။ ပါတီကိုထောက်ခံကြသူများကပင် ပြင်းပြင်း ထန်ထန်ဝေဖန်ထောက်ပြကြသည်အထိ ရှိလာသည်။ ထောက်ခံမှုကျ ဆင်းပြီး ရလဒ်ဆိုများနှင့်ကြုံတွေ့သွားဖွယ်ရှိသည်ဟုပင်စိုးရိမ်လာကြ သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ လူထက်ပါတီကိုသာကြည့်ပြီးထောက် ခံကြရန်ပြောဆိုရသည်အထိရှိလာခဲ့သည်။ ဠဥဗ သတင်းဌာန၏ အင်တာနက်စာမျက်နှာစစ်တမ်းဖော်ပြချက်များကမူ ပါတီကိုကြည့်ပြီး မဲ ထည့်ကြမည့်သူများက ၈ဝ ရာခိုင်နှုန်းကျော် ရှိသည်ဟုဆို၏။ သို့သော် ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းနှင့်အတူ ဖြတ်သန်းမှု များကို ဓာတ်ပုံနှင့်တကွ ဖော်ပြလိုက်သောအခါ လူကိုပဲ ကြည့် ပြီးမဲပေးပါ တော့မည်ဟူသည့် ရွှင်ရွှင်လန်းလန်းရယ်ရယ်မောမော ပြောသံ ဆိုသံများ ထွက်ပေါ်လာကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုး သားဒီမိုကရေ စီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ပညာတတ်များဖြစ် နေသည့်အပြင် ရုပ်ရည်ရူပကာချောမောသူများဖြစ်နေသောကြောင့်ဖြစ် သည်။ တိုးတက်သောနိုင်ငံများတွင်ပညာသင်ကြားခဲ့သူများ၊ အငြိမ်း စားပါမောက္ခများ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ပညာရေးကျွမ်းကျင် သူများ၊ စိုက်ပျိုးရေးပညာရှင်များဖြစ်နေကြပြီး အများစုမှာ ငယ်ရွယ်နုပျိုသူ များဖြစ်နေကြသည်။ အဖွဲ့ချုပ်၏ ကြိုတင်ဖော်ပြမူဝါဒအတိုင်း အမျိုး သမီးငယ်တိုင်းရင်းသားများကို ဦးစားပေးထားသည်ကို တွေ့ရသည်။ ထွက်ပေါ်လာသော ကိုယ်စားလှယ်လောင်းများကို ကြည့်ခြင်းအားဖြင့် အဖွဲ့ချုပ်၏ ရှေ့ရှုရာလမ်းကြောင်းနှင့် အချို့်သော ထင်ရှားသူနိုင်ငံရေးသမားများနှင့် စွန့်လွှတ်အနစ်နာခံခဲ့သူများအဘယ်ကြောင့် ကျန်ရစ်ခဲ့ သည်ကိုတွက်ဆနိုင်မည်ဖြစ်သည်။ ပြိုင်ဘက်ပါတီကြီးက လာမည့်ရွေး ကောက်ပွဲအတွက် လူသစ်များကို လက်တွဲခေါ်ဆောင်မလာဘဲ ပင်စင်စား စစ်ဗိုလ်ချုပ်လူဟောင်းမိုးကျရွှေကိုကြီးများကို ပါတီအတွင်း ဗဟိုဦးစီး စနစ်ဖြင့် သွတ်သွင်းလိုက်သည့် အချိန်တွင် အဖွဲ့ချုပ်က ဝါရင့်လူကြီး လူဟောင်းအချို့ကို ချန်ထားရစ်လိုက်ပြီး လူငယ်လူသစ်များဖြင့် ပွဲထွက် လာခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အလွန်ကာလရှေ့ခရီးအတွက် ပြင် ဆင်လိုက်သော ပထမခြေလှမ်းဖြစ်သည်ဟု ယူဆရသည်။ ပြည်ခိုင် ဖြိုး၏ ခေါင်းဆောင်သစ်များထွက်ပေါ်ရာလမ်းကြောင်းမှာ အငြိမ်းစားတပ်မ တော်အရာရှိကြီးများသာဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင် နေရာများအတွက် လူငယ်များနှင့် ပညာရှင်များအတွက်ခြေချစရာမရှိ ဖြစ်နေသောကြောင့် အမိန့်ပေးစနစ်သာလွှမ်းမိုးလာနိုင်ဖွယ်ရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တတ်သိပညာရှင်များလွှမ်းမိုးသည့် အစိုးရတစ်ရပ်ကို ဖော်ဆောင်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်း ပြည်သူကိုအသိပေးလိုက် ခြင်းဖြစ်သည်။ ယင်းမှာရွေးကောက်ပွဲအတွက် ခင်းကျင်းလိုက်သော ဗျူဟာတစ်ရပ်ဖြစ်ပြီးကာလရှည်ကြာ စစ်တပ်လွှမ်းမိုးမှုအောက်တွင် နေလာရသောအပြောင်းအလဲကိုလိုလားနေသည့် ပြည်သူ့လူထုအတွက် မျက်နှာထားတည်တည်ကြောက်စရာဗိုလ်ချုပ်ကြီးများကို မျက်နှာချိုချို ချစ်စဖွယ်လူငယ်ပညာတတ်ကလေးများဖြင့် လေနုအေးလေတိုက်ခတ်ပြလိုက်ခြင်းဖြစ်သည်။

ထိုအခင်းအကျင်းကိုကြည့်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက် လျှောက်လှမ်းမည့်နိုင်ငံရေးလမ်းကြောင်းကိုမှန်းဆနိုင်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် တစ်ခါမှမရှိဖူး သည့် အစိုးရတစ်ရပ်ကိုဖော်ဆောင်ရန်ကြိုးစားနေခြင်းဖြစ်ပြီး ထိုအစိုးရ သည် တတ်သိပညာရှင်များသာလွှမ်းမိုးသည့် အစိုးရဖြစ်လာလိမ့်မည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ရွေးကောက်ပွဲ အလွန်ကာလတွင်ပါတီဖွဲ့စည်းပုံကိုပြောင်းလဲလာဖွယ်ရာရှိနိုင်သည်။ မျိုး ဆက်သစ်မမွေးထုတ်နိုင်ဘဲ ရေရှည်အစီအမံမရှိဟု အဖွဲ့ချုပ်အပေါ်ယူ ဆနေရခြင်းမှာ ဟုတ်နိုင်ဖွယ်မရှိဟု ဆိုရမည်ဖြစ်သည်။ လူငယ်များပါဝင် သော အတွင်းရေးမှူးအဖွဲ့ပေါ်ပေါက်လာဖွယ်ရှိပြီး ယင်းအဖွဲ့ကို အတွေ့ အကြုံရှိသူတစ်ဦးက ဦးဆောင်လှုပ်ရှားနိုင်လျှင် ပါတီ၏ စွမ်းဆောင်မှု ပိုမိုထက်မြက်လာမည်ဖြစ်သည်။ အဖွဲ့ချုပ်အတွက်အရေးတကြီးလိုအပ် နေသည်မှာ ဘက်လိုက်မှုမရှိဘဲ ပြတ်သားသော ပါတီစည်းကမ်းထိမ်း သိမ်းရေးအဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့အနေဖြင့် ပါတီတွင်ခိုကပ်နေသော အခွင့်အရေးသမားများနှင့် အုပ်စုဖွဲ့သူများအား သန့်ရှင်းရန်အရေးတကြီး လိုအပ်နေသည်။

ဘယ်ယိုင်ကာ ညာကိုနင်းမယ် မင်းလိုက်ခဲ့လေ

အကယ်၍ ရွေးကောက်ပွဲသည် အမှန်တကယ်သာ တရားမျှတခဲ့ ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အများထင်သည်ထက်ပိုမို သော ရလဒ်ကောင်းများရရှိလာပြီး ပြည်ခိုင်ဖြိုးပါတီအဖို့အခက်တွေ့လာ နိုင်သည်။ သို့သော် လက်ရှိအစိုးရသည် အရေးပါသော နေရာများတွင် အမိန့်နာခံမည့် တပ်မတော်မှ အရာရှိများကိုကြိုတင်ခန့်ထားခြင်းဖြင့် ရှုံး သွားနိုင်မည့်အခြေအနေကို ပြင်ဆင်နေပုံရသည်။ ထို့ထက် သမ္မတဖြစ် သူက ရွေးကောက်ပွဲမဝင်ဘဲနောက်ချန်နေခြင်းမှာ အရှုံးဖြစ်သွားနိုင်သည့် ရလဒ်အားရှောင်ရှားပြီး တပ်မတော်မှ ရွေးချယ်လိုက်သည့် ဒုသမ္မတ တစ်ဦးအဖြစ်ဝင်ရောက်လာလိုသောကြောင့် ဖြစ်သည်ဟူသည့် တွက်ဆ မှုများလည်းရှိနေကြသည်။ ယင်းအတွက် ဒီချုပ်အနေဖြင့် မည်ကဲ့သို့သော မထင်မှတ်သည့်ခြေလှမ်းဖြင့်လှမ်းလိုက်ချေဦးမည်ကိုတော့ စောင့်ကြည့်ရ ဦးမည်ဖြစ်သည်။

Reporter News Journal
https://www.facebook.com/REPORTER.JOURNAL
ရွေးကောက်ပွဲ အတွက်ခင်းကျင်းလိုက်သော ဒီချုပ်ဗျူဟာ  ရွေးကောက်ပွဲ အတွက်ခင်းကျင်းလိုက်သော ဒီချုပ်ဗျူဟာ Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.