ရာသီဥတုဖောက်ပြန်မှု စိုးရိမ်စရာတိုးလာဟု အိုဘားမားပြောဆို


 ရာသီဥတုပြောင်းလဲနေတဲ့ ကိစ္စဟာ အရေးအပေါ် အခြေအနေရောက်နေပြီး တဖြည်းဖြည်း ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပြီလို့ အမေရိကန်သမ္မတ ဘရာခ့် အိုဘားမားက ပြောလိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စအပေါ် လူတွေသတိပြုလာစေဖို့ ရည်ရွယ်ချက်နဲ့သွားတဲ့ အလက်စကားပြည်နယ် သုံးရက်ကြာ ခရီးစဉ်အတွင်း တနင်္လာနေ့မှာ မစ္စတာအိုဘားမားက အဲဒီလိုပြောတာပါ။

ရာသီဥတုပြောင်းလဲမှုဟာ တနှစ်တနှစ် ကုန်သွားတာနဲ့အမျှ ပိုပိုပြီး သိသာထင်ရှားလာနေတယ်လို့ Anchorage မြို့မှာလုပ်တဲ့ နိုင်ငံတကာ ရေခဲတောင် များဆိုင်ရာ ညီလာခံတခုအတွင်း ပြောတဲ့မိန့်ခွန်းထဲ သမ္မတ အိုဘားမားက ထည့်ပြောခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရာသီဥတုဖောက်ပြန်မှု စိုးရိမ်စရာတိုးလာဟု အိုဘားမားပြောဆို  ရာသီဥတုဖောက်ပြန်မှု စိုးရိမ်စရာတိုးလာဟု အိုဘားမားပြောဆို Reviewed by THITHTOOLWIN on 02:41 Rating: 5
Powered by Blogger.