သြစတေးလျှ ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို


 သြစတြေလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ဟာ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် အဖြစ်ကနေ ဖြုတ်ချ ခံလိုက်ရပြီးတဲ့နောက် ခေါင်းဆောင်သစ် Malcolm Turnbull ဟာ ၀န်ကြီးချုပ်အဖြစ် ဒီနေ့ ကျမ်းကျိန်ဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ရာထူးအတွက် ပြင်ဆင်ခဲ့တဲ့ မစ္စတာ Turnbull က သြစတေးလျှနိုင်ငံသားတစ်ဦးအနေနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ Turnbull ဟာ မစ္စတာ အက်ဘော့ လက်အောက်မှာ ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်ကစပြီး သြစတေးလျှရဲ့ စတုတ္တမြောက် ၀န်ကြီးချုပ် ဖြစ်ပါတယ်။

မစ္စတာ အက်ဘော့ကတော့ သူ့ကို ရာထူးက ဖယ်ရှားလိုက်တာဟာ ပြင်းထန်ပေမယ့် အခုအပြောင်းအလဲကို အတတ်နိုင်ဆုံး အဆင်ပြေအောင် လက်ခံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကျမ်းသစ္စာမကျိန်ဆိုခင်မှာ ၀န်ကြီးချုပ်ဖြစ်လာမယ့် Malcolm Turnbull က ရာထူးကနေ ဖယ်ရှားပေးရမယ့် တိုနီအက်ဘော့ကို ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။

မစ္စတာ အက်ဘော့ ရယူစွမ်းဆောင်နိုင်ခဲ့တာတွေဟာ မယှဉ်နိုင်ဖွယ်ရာဖြစ်တယ်လို့ မစ္စတာ Turnbull က သူရဲ့ အောင်ပွဲခံ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပြီး သူဦးဆောင်ရမယ့် လစ်ဘရယ် ပါတီအစိုးရဟာ သြစတေးလျှရဲ့ စီးပွားရေး အောင်မြင်ဖို့ လုပ်ဆောင်မယ်လို့လည်း ဂတိပြု ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
သြစတေးလျှ ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို  သြစတေးလျှ ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို Reviewed by THITHTOOLWIN on 17:54 Rating: 5
Powered by Blogger.