တိုင်း​ရင်း​သား ​စည်း​လုံး​ညီ​ညွတ်​ရေး​ပါ​တီ

ပါ​တီ​အ​လံ
ပါ​တီ​အ​မည်

တိုင်း​ရင်း​သား​စည်း​လုံး​ညီ​ညွှတ်​ရေး​ပါ​တီ

National Unity Party

ပါ​တီ​ဥ​က္က​ဋ္ဌ

ဦး​သန်း​တင်

ယှည်​ပြိုင်​မည့်​နေ​ရာ

တိုင်း​နဲ့​ပြည်​နယ် ၇၆၃ ​နေ​ရာ။ ​ရှမ်း​ပြည်​နယ်​က ​မြို့​နယ် ၅၅ ​ခု​အ​နက် ၁၀ ​ခု​ကျော်​ကျော်​မှာ​ပဲ ​ဝင်​ပြိုင်​မယ်။ ​က​ရင်​ပြည်​နယ်​မှာ ၃ ​မြို​နယ်​လောက်​ပဲ ​ပြိုင်​မယ်။

တစ်​နိုင်​ငံ​လုံး ​မြို့​နယ် ၃၃​ဝ ​မှာ ​မြို့​နယ် ​ပါ​တီ​ရုံး​တွေ ​ရှိ​တဲ့ ​မြို့​နယ်​ပေါင်း ၃၀၆ ​ခု​မှာ ​ဝင်​ပြိုင်​မယ်။

တိုင်း​ရင်​သား​ပါ​တီ​တွေ ​အ​ဓိ​က ​ဝင်​ပြိုင်​မယ့် ​နေ​ရာ​နဲ့ ​လက်​နက်​ကိုင် ​အ​ဖွဲ့​အ​စည်း​တွေ ​ရှိ​နေ​သေး​တဲ့ ​နေ​ရာ​တွေ​မှာ ​ဝင်​မ​ပြိုင်​ဘူး။

ပါ​တီ​ဝင်​အင်​အား

၂၀၁​ဝ​မှာ ၇ ​သိန်း​ကျော်၊ ​လက်​ရှိ ၅ ​သိန်း​ကျော်။

ကိုယ်​စား​လှယ်​လောင်း ​ရွေး​တဲ့​ပုံ​စံ

အ​မျိုး​သ​မီး ​ကိုယ်​စား​လှယ်​တွေ​ကို ​ဦး​စား​ပေး ​ရွေး​ပါ​တယ်။ ​လူ​ငယ်​လူ​လတ်​တွေ ​ပါ​နိုင်​အောင်​လည်း ​ကြိုး​စား​ပါ​တယ်။ ​သက်​ဆိုင်​ရာ ​မဲ​ဆ္ဒ​နယ်​က ​လူ​ကို ​ဦး​စား​ပေး ​ရွေး​ပါ​တယ်။

ပါ​တီ​မူ​ဝါ​ဒ

လူ​အ​များ​ကောင်း​စား​ရေး ​ဝါ​ဒ၊ ​ပြည်​သူ့​အ​ကျိုး​ပြု ​လမ်း​စဉ်၊ ​မ​ဇ္ဈိ​မ ​ပ​ဋိ​ပ​ဋာ ​ဆို​တဲ့ ​အ​ခြေ​ခံ​အ​ချက်​ကို ​မ​ပြောင်း​လဲ​ဘဲ ​နိုင်​ငံ​ရေး​မှာ ​အ​ရေး​ကြီး​ဆုံး ​ရိုး​သား​မူ​ကို ​အ​ခြေ​ခံ​ပြီး ​ပြည်​သူ​ရဲ့ ​ထောက်​ခံ​မူ​ရ​အောင် ​ကြိုး​စား​သွား​မယ်။ ​တိုင်း​ရင်း​သား ​စည်း​လုံး​ညီ​ညွတ်​ရေး​နဲ့ ​အ​မျိုး​သား ​အ​ကျိုး​စီး​ပွား​ကို ​အ​ခြေ​ခံ​ပြီး ​ဒီ​မို​က​ရေ​စီ​စ​နစ်​ကို ​ကျင့်​သုံး​မယ်။

ပါ​တီ​နယ်​မြေ

ပြည်​ထောင်​စု​တ​ဝန်း​လုံး

ပါ​တီ​ရုံး​ချုပ် ​တည်​ရှိ​ရာ

ဗ​ဟန်း​မြို့​နယ်၊ ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး

ဆက်​သွယ်​ရန်

၀၉-၄၂၁၁၀၉၅၅၀၊ ၀၁-၅၃၇၆၀၁

BBC Burmese
http://www.bbc.com/burmese
တိုင်း​ရင်း​သား ​စည်း​လုံး​ညီ​ညွတ်​ရေး​ပါ​တီ   ​တိုင်း​ရင်း​သား ​စည်း​လုံး​ညီ​ညွတ်​ရေး​ပါ​တီ Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.