ဆော်ဒီတွင် လူအုပ် ပိမှုကြောင့် သေဆုံးသူ အရေအတွက် ၃၁၀ ထိမြင့်တက်လာ

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် လူအုပ်ပိမှုကြောင့် ဒဏ်ရာရရှိ သူများကို ကျန်းမာရေးဝန်ထမ်းများ က ကူညီနေစဉ် (ဆင်ဟွာ)
    ရီရက်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

    ဆော်ဒီ အာရေဗျ နိုင်ငံ မက္ကာမြို့၌ ကြာသပတေးနေ့တွင် လူအုပ်ပိမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၁၀ အထိ မြင့်တက်လာခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၄၅၀ ကျော်ရှိခဲ့သည်။

    ကယ်ဆယ်ရေး ဝန်ထမ်း ၄,၅၀၀ ကျော်နှင့် အရေးပေါ် လူနာတင်ကား ၂၀၀ ကျော်သည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိကာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိများတွင် နိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများ ပါဝင်ကြောင်း ဆော်ဒီနိုင်ငံ အရပ်ဖက် ကာကွယ်ရေး တာဝန်ရှိသူ တစ်ဦးက သူ၏ တွစ်တာ အကောင့်တွင် ရေးသားထားသည်။

    လူအုပ်ပိမှုသည် ဟာ့ဂ်ျရိုးရာဓလေ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကျောက်ခဲပစ်ခြင်း ပြုလုပ်ရာမှ စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မွတ်စလင် ဘုရားဖူးများသည် မကောင်းဆိုးဝါးအဖြစ် သတ်မှတ်ထားသော နံရံကို ကျောက်ခဲဖြင့် ပစ်ပေါက်ကြခြင်း ဖြစ်သည်။

    အဆိုပါ လူအုပ်ပိမှုသည် ဆော်ဒီအာရေဗျ၌ ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယ အကြိမ် လူအများအပြား သေဆုံးမှု ဖြစ်သည်။

    စက်တင်ဘာလအစောပိုင်း၌လည်း မက္ကာ၏ မဟာ ဗလီကျောင်းတော်ပေါ်သို့ကရိန်းပြုတ်ကျမှုကြောင့် ဘုရားဖူး ၁၁၁ဦးသေဆုံးခဲ့ပြီး ၃၃၁ဦးဒဏ်ရာရရှိခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com

ဆော်ဒီတွင် လူအုပ် ပိမှုကြောင့် သေဆုံးသူ အရေအတွက် ၃၁၀ ထိမြင့်တက်လာ  ဆော်ဒီတွင် လူအုပ် ပိမှုကြောင့် သေဆုံးသူ အရေအတွက် ၃၁၀ ထိမြင့်တက်လာ Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.