ဈေးဝယ်လာသည့် (၁၃) နှစ်သမီး သားမယားအဖြစ် ပြုကျင့်ခံရ


      မြင်းခြံမြို့နယ်တွင် တစ်ဦးတည်း ဈေးဝယ်ထွက်လာစဉ် သားမယားအဖြစ် ပြုကျင့်ခံခဲ့ရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲရုံးထံမှ သိရသည်။

      သြဂုတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် မ.....၁၃နှစ်သည် တစ်ဦးတည်း ဈေးဝယ် ထွက်လာစဉ် တစ်ရွာတည်း နေ မောင်......(၄၁)နှစ်က ၎င်း၏နေအိမ်ပေါ်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သည်။

      ယခုလ(၂)ရက်နေ့တွင် မ......(၁၃) နှစ်၏ မိခင်မှ တိုင်တန်း၍ နယ်မြေစခန်း (မြင်းခြံ)၊ (ပ)၁၂၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

The Messenger Media
http://messengernewsjournal.com
ဈေးဝယ်လာသည့် (၁၃) နှစ်သမီး သားမယားအဖြစ် ပြုကျင့်ခံရ    ဈေးဝယ်လာသည့် (၁၃) နှစ်သမီး သားမယားအဖြစ် ပြုကျင့်ခံရ Reviewed by THITHTOOLWIN on 01:42 Rating: 5
Powered by Blogger.