သဲတင်ယာဉ်မှ ဆိုင်ကယ်အားကျော်တက်စဉ် တိုက်မိတိမ်းမှောက်၍ သေဆုံး၊ ဒဏ်ရာရ


 နေပြည်တော် စက်တင်ဘာ ၁၁

 ကော့သောင်းမြို့ (၉)မိုင်ကျေးရွာ အနီး စက်တင်ဘာ ၇ ရက် နံနက် ၁၁ နာရီခန့်က သဲတင်ယာဉ်နှင့် ဆိုင်ကယ်တို့တိုက်မိခဲ့သည်။

 ဖြစ်စဉ်မှာ ယင်းနေ့က ကော့သောင်းမြို့နယ် (၇)မိုင် ကျေးရွာနေ ဖိုးတုတ်(ခ)သက်ကိုဦး (၃၇)နှစ် မောင်းနှင်ပြီး သဲများတင် ဆောင်ကာ အလုပ်သမားများ ဖြစ်သည့် မျိုးအောင်(ခ)အောင်ကြီး၊ မောင်မောင်လေးနှင့် ရဲမင်းထွန်း(ခ)အငယ်ကောင်တို့ လိုက်ပါလာသည့် ISUZU အုတ်၊ သဲ၊ ကျောက်တင် ယာဉ်သည် (၁ဝ)မိုင်ရွာမှ ကော့သောင်းမြို့သို့ မောင်းနှင်လာ စဉ် (၉)မိုင်ကျေးရွာအနီး ရှေ့မှ ကျော်သူအောင် မောင်းနှင်ပြီး အောင်ငယ်(ခ)စိုးဝင်းအောင် လိုက်ပါလာသည့် ဆိုင်ကယ်အား ကျော် တက်ရာမှ ကားနှင့်ဆိုင်ကယ်တို့ ချိတ်တိုက်မိ၍ ဆိုင်ကယ်တိမ်းမှောက် ကာအုတ်၊ သဲ၊ ကျောက်တင်ယာဉ်မှာ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့သဖြင့် ဒဏ်ရာရရှိသူ မျိုးအောင်(ခ)အောင်ကြီးပါငါးဦးအနက် ရဲမင်း ထွန်း(ခ)အငယ်ကောင်မှာ ဆေး ကုသမှုခံယူစဉ် သေဆုံးသွားခဲ့သည်။

ယာဉ်မောင်း ဖိုးတုတ်(ခ)သက်ကိုဦးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ၎င်းအား ကော့သောင်းမြို့မရဲစခန်းက အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
သဲတင်ယာဉ်မှ ဆိုင်ကယ်အားကျော်တက်စဉ် တိုက်မိတိမ်းမှောက်၍ သေဆုံး၊ ဒဏ်ရာရ   သဲတင်ယာဉ်မှ ဆိုင်ကယ်အားကျော်တက်စဉ် တိုက်မိတိမ်းမှောက်၍ သေဆုံး၊ ဒဏ်ရာရ Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.