ခင်ဦးမြို့နယ် အတွင်း တည်ထား ကိုးကွယ်သည့် ဆင်းတုတော် (၃)ဆူ ပျောက်ဆုံး


          ခင်ဦးမြို့နယ်၊ စောကြီး ကျေးရွာ အင်ကြင်းပင် ကမ္မဌာန်း ကျောင်းတိုက်၌ ယခုလ (၁၁)ရက်နေ့၌ ကျောင်ဝင်းအတွင်း တည်ထား ကိုးကွယ်ထားသည့် ဆင်းတုတော် သုံးဆူမှာ ပျောက်ဆုံးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

          အဆိုပါ အင်ကြင်းပင် ကမ္မဌာန်း ကျောင်းတိုက် ဆရာတော်သည် ကျောင်းတိုက် အတွင်း လှည့်လည်ကာ ကြည့်ရှုနေစဉ် ကျောင်းတိုက်ဝင်း အတွင်း တည်ထား ကိုးကွယ်ထားသည့် အလျား နှစ်ပေခန့်ရှိ ကျောက်ဆင်းတုတော် တစ်ဆူ၊ တစ်ပေ ခြောက်လက်မ ခန့်ရှိ တစ်ဆူ၊ အာရုံခံမြောက်ဘက် ပြတိုက်ခန်း အတွင်း ကိုးကွယ်ထား သည့် (၄)ပေခန့်ရှိ ရပ်တော်မူ ကျောက်ဆင်းတုတော် တစ်ဆူတို့ ပျောက်ဆုံး နေကြောင်း ပထမ သတင်းပေးချက်များ အရ သိရသည်။

          ယင်းသို့ ဆင်းတုတော်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ခင်ဦးမြို့မ ရဲစခန်းမှ (ပ) ၂၂၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၀/၂၉၅ အရ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီး ရမိရေး အတွက် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

လင်းလင်းမောင်
The Messenger Media
http://www.messengerdaily.com/

ခင်ဦးမြို့နယ် အတွင်း တည်ထား ကိုးကွယ်သည့် ဆင်းတုတော် (၃)ဆူ ပျောက်ဆုံး  ခင်ဦးမြို့နယ် အတွင်း တည်ထား ကိုးကွယ်သည့် ဆင်းတုတော် (၃)ဆူ ပျောက်ဆုံး Reviewed by THITHTOOLWIN on 05:41 Rating: 5
Powered by Blogger.