ဒေါ်အောင်ဆန်းစုကြည် ရခိုင် ခရီးစဉ် အောက်တိုဘာလလယ် စတင်မည်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: RFA
 NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို လာမယ့် အောက်တိုဘာ လအလယ်မှာ စတင်မယ်လို့ NLD ပါတီက ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ခရီးစဉ်တွေ သွားပြီးရင် သံတွဲမြို့၊ ဂွမြို့နဲ့ တောင်ကုတ်မြို့တို့ကို သွားဖို့စီစဉ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးတာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကိုပြော ပါတယ်။

"သံတွဲ၊ ဂွရယ်၊ တောင်ကုတ်ရယ်၊ ဒါဘဲ၊ ကျန်းမာရေးအခြေအနေအရရယ်၊ နိုင်ငံရေးအခြေအနေအရရယ်၊ သွားသင့်သွားထိုက်တဲ့နေရာတွေရွေးပြီးတော့ သွားတာပါ၊ နောက်အပတ်ဆိုရင် ခန္တီး၊ မော်လိုက်သွားမှာ၊ ပြီးရင် ကချင်ပြည်နယ် သွားမှာ၊ ကချင်ပြည်နယ်ပြီးမှ ရခိုင်"

ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကနေ လွတ်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပုပ်ခတ်ဝေဖန်တဲ့ လက်ကမ်းစာတွေ ဧရာဝတီနဲ့ တနင်္သာရီတိုင်းက နေရာတချို့မှာလိုက်ဝေခဲ့တာ ကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့် အရေးမယူဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် ရခိုင် ခရီးစဉ် အောက်တိုဘာလလယ် စတင်မည်  ဒေါ်အောင်ဆန်းစုကြည် ရခိုင် ခရီးစဉ် အောက်တိုဘာလလယ် စတင်မည် Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.