မြန်မာရဲ့ မူးယစ်ကိုင်တွယ်မှုကို ကန်ဝေဖန်

Ice လို့ခေါ်တဲ့ တရားမဝင် မူးယစ်ဆေးဝါး တစ်မျိုး (Credit: AFP) 
လွန်ခဲ့တဲ့နှစ်အတွင်း ​မြန်မာအစိုးရအနေနဲ့ ​မူးယစ်ဆေးဝါး ​ကုန်ကူးမှုနဲ့ ​ပတ်သက်ပြီး ​ကိုင်တွယ်ဖြေရှင်းမှု ​မလုပ်နိုင်ဘူးလို့ ​အမေရိကန်က ​ပြောဆိုလိုက်ပါတယ်။

မြန်မာအပြင်၊ ​ဗင်နီဇွဲလား၊ ​ဘိုလီးဗီးယားတို့လည်း ​မြန်မာနိုင်ငံလိုပဲ ​မူးယစ်ကုန်ကူးမှုမှာ ​မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ​ပြောဆိုထားတာပါ။

အမေရိကန် ​အစိုးရက ​အဲဒီလို ​မူးယစ်ကုန်ကူးမှုကို ​ထိရောက်စွာ ​မကိုင်တွယ်နိုင်တဲ့ ​နိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​လုပ်နိုင်ပေမယ့် ​မြန်မာနဲ့ ​ဗင်နီဇွဲလားနိုင်ငံကိုတော့ ​ဒီတစ်ခါ ​သက်သာရာပေးမယ်လို့ ​သိရပါတယ်။

အကြောင်းရင်းကတော့ ​မြန်မာနဲ့ ​ဗင်နီဇွဲလားနိုင်ငံမှာ ​ဒီမိုကရေစီအရေး ​ဖြစ်ပေါ်လာစေချင်လို့ ​ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

ဘိုလီးဗီးယားနိုင်ငံကိုတော့ ​ဘယ်လိုတုန့်ပြန်သွားမလဲ ​ဆိုတာ ​မသိရသေးပါဘူး။

အာဖဂန်နစ္စတန်၊ ​ကိုလံဘီယံ၊ ​အီကွေဒေါ၊ ​အိန္ဒိယ၊ ​လာအို၊ ​မက္ကဆီကို ​အစရှိတဲ့ ​နိုင်ငံ ​၁၉ ​နိုင်ငံက ​မူးယစ်ဆေးဝါးတွေဟာလည်း ​အမေရိကန်ကို ​ဝင်ရောက်နေပမယ့် ​အဲဒီနိုင်ငံက ​မြန်မာနိုင်ငံလို ​ကိုင်တွယ်ဖြေရှင်းဖို့ ​ပျက်ကွက်တဲ့ ​စာရင်းထဲ ​မပါဝင်ဘူးလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာရဲ့ မူးယစ်ကိုင်တွယ်မှုကို ကန်ဝေဖန်   မြန်မာရဲ့ မူးယစ်ကိုင်တွယ်မှုကို ကန်ဝေဖန် Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.