ရေချိုး ပြန်လာစဉ် (၈)တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ 
       ဗန်းမောက်မြို့နယ် မြို့မရပ်ကွက် အတွင်းရှိ ဘော်ဒါဆောင်တစ်ခုတွင် တက်ရောက် ပညာသင်ကြားနေသည့်(၈) တန်း ကျောင်းသူတစ်ဦးအား ရေချိုးပြန်လာစဉ် အိမ်နီးချင်း ဖြစ်သူမှ အဓမ္မပြုကျင့်ခံခဲ့ရသဖြင့် ယခုလ(၁၅) ရက်နေ့၌ တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

      ဖြစ်စဉ်မှာ မိဘများ မြစ်ကြီးနားမြို့သို့ ဈေးရောင်းသွားစဉ် မ.......(၁၃) နှစ် အဌမတန်းကျောင်းသူသည် ရပ်ကွက်အတွင်းရှိ ဘော်ဒါဆောင်တစ်ခုတွင် ကျောင်းအိပ်ကျောင်းစား ထားခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ် လ(၂၁) ရက်နေ့၌ ဘော်ဒါဆောင်မှ နေအိမ်သို့ ရေချိုးပြန်လာစဉ် ယခုကဲ့သို့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ပထမ သတင်းပေးချက်များအရ သိရသည်။

      ဘော်ဒါဆောင်မှ နေအိမ်သို့ ပြန်လာခဲ့ကာ ရေချိုးခဲ့သည့် မ.......(၁၃) နှစ် အဌမတန်းကျောင်းသူသည် ရေချိုးပြီး အခန်းအတွင်း၌ အ၀တ်အစားများ လဲနေစဉ် ယခင်က နေအိမ်သို့ ၀င်ထွက်သွားလာနေသူ ကို............ (၁၆)နှစ်မှ ရောက်ရှိလာပြီး အတင်းအဓမ္မ ပြုကျင့်ခဲ့ကြောင်း မိဘများ ပြန်လာစဉ် ပြောပြခဲ့ရာမှ အိမ်နီးချင်းဖြစ်နေသည့် အတွက် လူမှုရေးအရ ဖြေရှင်းသော်လည်း ပြေလည်မှု မရခဲ့သည့် အတွက် ယခုကဲ့သို့ တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

      ယင်းသို့ အရွယ် မရောက်သေးသည့် အဌမတန်းကျောင်းသူအား သားမယား ပြုကျင့်ခဲ့သူ ကို.........(၁၆) နှစ်အား အရေးယူပေးရန် မိခင်ဖြစ်သူမှ တရားလိုပြုကာ တိုင်တန်းခဲ့သည့် အတွက် ဗန်းမောက်မြို့မ ရဲစခန်းမှ အမှုကြီး အမှတ်စဉ် ၁/၂၀၁၅ (ပ) ၈၄/၂၀၁၅ ပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားခဲ့ပြီး တရားခံဖမ်းဆီးရမိရေး အတွက် စစ်ဆေး ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

The Messenger Media
http://messengernewsjournal.com
ရေချိုး ပြန်လာစဉ် (၈)တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ  ရေချိုး ပြန်လာစဉ် (၈)တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.