မိုးကောင်း၌ တံတားကျိုးကာ ရထားတွဲ (၃) တွဲ တိမ်းမှောက်




 မိုးကောင်း သြဂုတ် ၃၁

ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်တောင်နီ ကျေးရွာနှင့် ထီးချိုင့် ကျေးရွာကြားတွင် သြဂုတ် (၃၁) ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စက်ခေါင်းမောင်း ဦးနေမျိုးအောင်၊ ရထားထိမ်း ဦးခင်မောင်သန်းတို့ လိုက်ပါသည့် မန္တလေးမှ ထွက်ခွာလာသော မန္တလေး-မြစ်ကြီးနား အမှတ် (၄၃) အဆန် ကုန်ရထားသည် မီးရထားသံလမ်း မိုင်တိုင်အမှတ် ၆၇၂/၁၂ နှင့် (၁၆) ကြား သံလမ်းတံတား အမှတ် (၆၅၂) အရှည် (၄၀) ပေ ခန့် ရှိ ရေထုတ်မြောင်းကူး ဆိုင်းဆီ သံလမ်းတံတား အရောက်တွင် စက်ခေါင်းတွဲ၏ အနောက်ဘက် ကပ်လျက်ရှိသည့် ရထားတွဲ အမှတ် DBXV-4002 နှင့် ရထားတွဲ၏ ဘီးအမှတ် ၃/၄/၅/၆ အတွင်း ကျခဲ့ပြီး ရထားတွဲ အမှတ် DBXV-40235 တွဲမှာ သံလမ်း၏ အလယ်တွင် ကန့်လန့်ဖြတ် အနေအထား အတိုင်းရှိနေပြီး ရထားတွဲ အမှတ် DBXV-40334 တွဲမှာ သံလမ်း၏ အရှေ့ဘက် ပေ (၂၀) ခန့် အကွာအထိ ပြုတ်ကျခဲ့ရာ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းသတင်းရရှိသည်။

မြို့နယ် ပြန်/ဆက် (မိုးကောင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးကောင်း၌ တံတားကျိုးကာ ရထားတွဲ (၃) တွဲ တိမ်းမှောက်  မိုးကောင်း၌ တံတားကျိုးကာ ရထားတွဲ (၃) တွဲ တိမ်းမှောက် Reviewed by THITHTOOLWIN on 05:39 Rating: 5
Powered by Blogger.