လူဦးခေါင်းခွံများနှင့် ဆေး ဖေါ်နေသည့် အောက်လမ်းဆရာများ


23 September 2015

ထိုင်းနိုင်ငံ ဦဒေါင်ဌာနီအရပ်တွင် မတော်တဆ ဖြစ်ရပ် များကြောင့်သေဆုံးသွားသူများ( အစိမ်းသေ) မြုပ်နှံထားသည့် အုပ်ဂူများအား တူး၍ သေဆုံးသူ ဦးခေါင်းများ ဖြတ်ယူသွားသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာ ရဲအရာရှိများ က ပြစ်မှုကျူးလွန်သူများအား လိုက်လံရှာဖွေဖမ်းဆီးခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေက နမ့်စုံကျေးရွာ မှ ဇွဲကြိုးချသေဆုံးခဲ့သည့် လူငယ်တဦး၏ အလောင်းအား ဦးခေါင်းဖြတ် ခိုးယူသွားသူ အမျိုးသမီး တဦးအားစတင်ဖမ်းမိခဲ့ပြီးနောက် မှာ သူမနှင့်အတူပူးပေါင်းကြံစည်ကြ သူ အောက်လမ်းဆရာနှစ်ဦး အနက် အာထစ် ခွန်ကလရင် "ဆရာအောင် " (ထွက်ပြေးနေဆဲ) နှင့် ဆရာနလုံ ဆိုသူအား သူ ပုန်းခိုနေသည့် နေအိမ်တွင် ဖမ်းမိခဲ့သည်။

တရားခံများက အစိမ်းသေသူ၏ ဦးခေါင်းအား ဆေးရေစိမ်၍ အရိုးအား အဆောင်အဖြစ် စီရင်ကာ ဘတ်ငွေ တသိန်း(ကျပ်သိန်း ၃၀) ဖြင့် ရောင်း စားေ နခြင်းဖြစ်သည်။

အဆိုပါအောက်လမ်းနည်းပညာမှာ သေဆုံးဝိညာဉ် က အဆောင်မှာ စောင့်ကြပ်နေရပြီး ကိုင်ဆောင်ထားသူ၏ ခိုင်းစေမှုများအား လုပ်ဆောင်ပေးရမည် ဟု အောက်လမ်း ပညာရှင်များက ယုံကြည်နေကြသည်။

ကိုးကား Bigza online news

(အောက်လမ်း နည်းပညာဆိုသည်မှာ သာမန်မဟုတ်သည့် မကောင်းဆိုဝါး နည်းလမ်းများဖြင့် တပါးသူ ထိခိုက်ပျက်စီးရအောင် ဆေးဝါး-အဆောင်များဖြင့် စီရင်လုပ်ဆောင်ပေး နေသူများဖြစ်ပါသည်၊ )

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
လူဦးခေါင်းခွံများနှင့် ဆေး ဖေါ်နေသည့် အောက်လမ်းဆရာများ    လူဦးခေါင်းခွံများနှင့် ဆေး ဖေါ်နေသည့် အောက်လမ်းဆရာများ Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.