မလေးရှားက အကြမ်းဖက်တွေ အင်ဒိုထဲ ဝင်ရောက်

Sulawesi အလယ်ပိုင်း Poso ဒေသမှာ အကြမ်းဖက်မှု စစ်သင်တန်းရှိနိုင် (Credit: Reuters) 
 မလေးရှားနိုင်ငံက ​အကြမ်းဖက်သမားတွေဟာ ​အင်ဒိုနီးရှားနိုင်ငံထဲ ​ဝင်ရောက်လာနေကြတယ်လို့ ​အင်ဒိုနီးရှားနိုင်ငံ ​အကြမ်းဖက်မှု ​တိုက်ဖျက်ရေး ​အရာရှိက ​ပြောပါတယ်။

အကြမ်းဖက် ​တိုက်ဖျက်ရေးအရာရှိ ​Saud ​Usman ​Nasution ​က ​အင်ဒိုနီးရှားနိုင်ငံကနေတဆင့် ​အကြမ်းဖက်သမားတွေ ​ဘယ်နိုင်ငံကို ​သွားမယ်ဆိုတာ ​မသိရဘူးလို့ ​ဆိုပါတယ်။

IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ဟာ ​လူကုန်ကူးသူတွေနဲ့အတူ ​ပူးပေါင်းပြီး ​အကြမ်းဖက်သမားတွေကို ​အင်ဒိုနီးရှားထဲ ​ပို့ဆောင်နေတယ်လို့ ​ဆိုပါတယ်။

မလေးရှားနိုင်ငံကနေ ​အင်ဒိုနီးရှားနိုင်ငံ ​ဆူးမားတြားထဲ ​ဝင်လာပြီးနောက် ​Sulawesi ​အလယ်ပိုင်းက ​ပိုဆို ​မြို့ကို ​ပို့ဆောင်နေတာလို့ ​ဆိုပါတယ်။

အဲဒီနေရာမှာ ​အကြမ်းဖက်မှု ​စစ်သင်တန်းတွေ ​ရှိနိုင်တယ်လို့ ​ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား ​တချို့ဟာ ​ဆီးရီးယားလို ​နိုင်ငံကိုသွားပြီး ​အကြမ်းဖက် ​သမားတွေနဲ့ ​ပူးပေါင်းတာမျိုး ​ရှိပါတယ်။

အဲဒါကြောင့်လည်း ​ဆီးရီးယားနိုင်ငံမှာ ​အင်ဒိုနီးရှားနိုင်ငံသား ​၅၂ ​ယောက် ​သေဆုံးခဲ့ရပြီး ​၄ ​ယောက်ကတော့ ​အသေခံ ​ဗုံးဖောက်ခွဲလို့ ​သေဆုံးရတာလို့ ​ဆိုပါတယ်။

၇၆ ​ယောက်ကတော့ ​အင်ဒိုနီးရှားနိုင်ငံကို ​ပြန်ရောက်နေကြပြီလို့ ​ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား ​ဘယ်နှစ်ယောက်လောက် ​အကြမ်းဖက် ​အဖွဲ့တွေနဲ့ ​သွားရောက်ပူးပေါင်းနေသလဲ ​ဆိုတာကိုတော့ ​မသိရပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မလေးရှားက အကြမ်းဖက်တွေ အင်ဒိုထဲ ဝင်ရောက်   မလေးရှားက အကြမ်းဖက်တွေ အင်ဒိုထဲ ဝင်ရောက် Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.