လင်မယား စကားများရာမှ ပိုးသတ်ဆေးသောက်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။
          မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့၊ စမ်းချောင်း ရပ်ကွက်တွင် စက်တင်ဘာလ(၉)ရက်နေ့က လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူက ပိုးသတ်ဆေး သောက်၍ သေဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း အောင်လံမြို့၊ မြို့မရဲစခန်းမှ သတင်းရရှိသည်။

          ဖြစ်စဉ်မှာ စက်တင်ဘာလ(၉) ရက် နေ့၊ ည(၁၂)နာရီခန့်တွင် အောင်လံမြို့၊ ပြည်သူ့ဆေးရုံသို့ ပိုးသတ်ဆေး သောက်၍ သေဆုံးနေသည့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ အောင်လံမြို့မ ရဲစခန်းမှ ဒုရဲအုပ် ဇင်မင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့သည်။

          သေဆုံးသူမှာ အောင်လံမြို့၊  စမ်းချောင်းရပ်ကွက်နေ .......၊ အသက် (၁၆) နှစ်ဖြစ်ပြီး၊ ယင်းနေ့ ည(၁၂)နာရီ အချိန်ခန့်က နေအိမ်တွင် ခင်ပွန်းဖြစ်သူ .........နှင့် စကားများပြီးနောက် ...........မှာ အိမ်နောက်ဖေးရှိ အိမ်သာသို့ သွားခဲ့ကြောင်း၊ အိမ်ပေါ်သို့ ပြန်အလာ ..........မှာ ပါးစပ်မှ အမြှုပ်များထွက်ကာ သတိလစ်မေ့မြော နေသည်ကို တွေ့ရှိရပြီး လက်ထဲတွင် ပိုတက်ပိုးသတ်ဆေးခဲထုပ် အိတ်ခွံအား ဆုပ်ကိုင်လျက်တွေ့ရသဖြင့် ဆေးရုံသို့ပို့စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

          ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်လံမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

The Messenger Media
http://messengernewsjournal.com

လင်မယား စကားများရာမှ ပိုးသတ်ဆေးသောက်   လင်မယား စကားများရာမှ ပိုးသတ်ဆေးသောက် Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.