ဆောမြို့တွင် အချုပ်သားလေးဦး အချုပ်ခန်းဖောက်ထွက်ပြေးမှုဖြစ်ပွား


ဆော စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ဆောမြို့ရဲစခန်းမှ အချုပ်သားလေးဦး စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက အချုပ်ခန်းအားဖောက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လွတ်မြောက်သွားသူ လေးဦးမှာ ပုဒ်မ ၃၇၆ အမှုမှ ဝင်းကျော် (၃၅)နှစ်၊ ပုဒ်မ ၃၈ဝ (ဆိုင်ကယ်)အမှုမှ ဖိုးကျော်(ခေါ်) ကျော်ဇင်မြင့်(၂၇)နှစ်၊ ပုဒ်မ ၃၈ဝ အမှုမှ ရဲမင်းပိုင်(၂၃)နှစ်နှင့် စည်သူအောင် (၂၄)နှစ်တို့ဖြစ်ကြောင်း နှင့် အချုပ်ခန်းအနောက်ဘက် ကာရံထားသော တိုင် (၄x၂)လက်မ ပျဉ်းကတိုးပျဉ်ချပ်အား သံဖြတ်လွှဖြင့်ဖြတ်၍ ပုဆိုး၊ တဘက်၊ အင်္ကျီများအသုံးပြုကာ အချုပ်ခန်းအတွင်းမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆောမြို့နယ်မြို့မရဲစခန်းကအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(ကျော်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆောမြို့တွင် အချုပ်သားလေးဦး အချုပ်ခန်းဖောက်ထွက်ပြေးမှုဖြစ်ပွား  ဆောမြို့တွင် အချုပ်သားလေးဦး အချုပ်ခန်းဖောက်ထွက်ပြေးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.