စစ်ကိုင်းနဲ့ ကချင်မှာ မိုးကောင်းနေလို့ မြေပြိုနိုင်


ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ရေဖုံးလွှမ်းခံရမှု နဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိပြုဖို့လိုပါတယ်။

၁-၉-၂၀၁၅
နံနက် (၁၁း၄၄)နာရီ။

(၃၁-၈-၂၀၁၅)ရက် နံနက်(၆)နာရီခွဲမှ (၃-၈-၂၀၁၅)ရက် နံနက်(၆)နာရီခွဲအထိ (၃)ရက်အတွင်း မိုးရွာသွန်းနိုင်မှုခန့်မှန်းချက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းတို့တွင် မိုးရေချိန် (၅)လက်မ မှ(၇)လက်မအထိ ရွာသွန်းနှိုင်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း တို့မှာလွန်ခဲ့တဲ့တစ်ပတ်ခန့်ကတည်းကမိုးကောင်းနေခဲ့ပြီးနောက်ထပ်(၃)ရက်အထိလည်းမိုးကောင်းနိုင်သေးတဲ့အတွက်မြေပြိုမှုအန္တရာယ် နဲ့ ရေဖုံးလွှမ်းမှု အန္တရာယ်ကို သတိပြုဖို့လိုနေပါပြီ။



  စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာ မိုးကောင်းနေပါတယ်။ ရေတွေတက်လာပြီး မြေပြိုမှာကိုလည်း စိုးရိမ်ရပါတယ်။

၁-၉-၂၀၁၅
နံနက်(၉း၄၉)နာရီ။

နာဆာဂြိုဟ်တုများမှ (၁-၉-၂၀၁၅)ရက် နံနက်(၀၀း၃၀)နာရီ တိုင်းတာချက်များအရ
ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက် မိုးရေချိန်
တစ်ရက်ရွာသွန်းအပြီး ၁ လက်မ မှ ၅ လက်မခန့်၊
(၃)ရက်ရွာသွန်းအပြီး ၈ လက်မ မှ ၁၄ လက်မခန့်
(၇)ရက်ရွာသွန်းအပြီး ၁၆ လက်မ မှ ၂၄ လက်မခန့်။

မြေပြိုမှုအလားအလာ

ကချင်ပြည်နယ်မြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်း အစွန်းဒေသတွေမှာ မြေပြိုမှု အလားအလာတွေဟာ (၃)ရက်မိုးဆက်တိုက် ရွာပြီးကတည်းက အလွန်ဖြစ်နိုင်ခြေရှိ(very Likely Condition) ကိုပြသနေပါတယ်။

ရေဖုံးလွှမ်းမှုအလားအလာ

ေ၇ဖုံးလွှမ်းမှု အလားအလာ မြင့်မားနေမှုကို ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ တွေ့နေရပါတယ်။

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48
စစ်ကိုင်းနဲ့ ကချင်မှာ မိုးကောင်းနေလို့ မြေပြိုနိုင်  စစ်ကိုင်းနဲ့ ကချင်မှာ မိုးကောင်းနေလို့ မြေပြိုနိုင် Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.