လမ်းဘေးတွင်ကာရံထားသည့် အလူမီနီယံတန်း အရှိန်မထိန်းနိုင်သောယာဉ်က ၀င်တိုက်


နေပြည်တော် စက်တင်ဘာ ၁၃

 ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၈၄/၅) အနီးတွင် စက်တင်ဘာ ၁၃ ရက် နံနက် ၇ နာရီ မိနစ် ၅ဝ က ယာဉ် တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန် တိုင်းဒေသကြီး ဒေါပုံမြို့ ဆေးစပ် ရပ်ကွက်နေ ထွန်းမြင့်ထွန်း(၄၁နှစ်) မောင်းနှင်လာသည့် 6I/--- ပစ်ကပ် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ကာရံထားသည့် အလူမီနီယံတန်းကို ဝင်ရောက်တိုက်မိ ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် တောင်ဒဂုံမြို့နယ် (၁ဝ၆)ရပ်ကွက်နေ ကိုအောင်ကိုဦး (၂၇ နှစ်) ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မောင်း ထွန်းမြင့် ထွန်းကို မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းကအမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

 ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လမ်းဘေးတွင်ကာရံထားသည့် အလူမီနီယံတန်း အရှိန်မထိန်းနိုင်သောယာဉ်က ၀င်တိုက်  လမ်းဘေးတွင်ကာရံထားသည့် အလူမီနီယံတန်း အရှိန်မထိန်းနိုင်သောယာဉ်က ၀င်တိုက် Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.