ဖက်တောကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ်နှစ်ဦးသေ


 နတ်မောက် စက်တင်ဘာ ၁၉

 နတ်မောက်မြို့နယ် ဆည်ကြီး ကျေးရွာအုပ်စု ဖက်တောကျေးရွာ၌ စက်တင်ဘာ ၁၈ ရက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သောကြောင့် ကျေးရွာ နေ ကလေးငယ်နှစ်ဦးသေဆုံးသွားခဲ့ ကြောင်း ရွှေပန်းတောနယ်မြေရဲစခန်း မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က ဖက်တော ကျေးရွာနေ ဦးဖိုးနီ (၄၅ နှစ်) ၏နေအိမ်ဝင်း အနောက်ဘက်ရှိ မန်ကျည်းပင်ခြေရင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ကလေးငယ်သုံးဦး ဒဏ်ရာများရရှိခဲ့ကြောင်း သတင်း အရ နတ်မောက်မြို့နယ် ရွှေပန်းတော နယ်မြေရဲစခန်းမှ ရဲအုပ်စိန်တိုးက အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။

ပေါက်ကွဲမှုကြောင့် မန်ကျည်းပင် အနီး၌ ဆော့ကစားနေသော မောင်ဟိန်းကို (လေးနှစ်)၊ မတင်မာ ဖြိုး (သုံးနှစ်)နှင့် မောင်အောင်မျိုးဇော် လေးနှစ်တို့ ဒဏ်ရာများရရှိသဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ရာမှ မတင်မာဖြိုးနှင့် မောင်အောင်မျိုး ဇော်တို့နှစ်ဦးသည် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဦးဖိုးနီ ၏ နေအိမ်ဝင်းအနောက်ဘက်ရှိ မန်ကျည်းပင်နှင့် သုံးပေခန့်အကွာ ၌ အကျယ်လေးလက်မ၊ အနက် ကိုးလက်မခန့်ရှိ ကျင်းတစ်ကျင်း၊ ထိုကျင်းအတွင်းမှ အချင်းသုံးလက်မ ဆိုက် အရှည်လေးလက်မခန့် သတ္တု ပိုက်အစတစ်ခု၊ အနီးတွင် အရှည် တစ်လက်မခန့် သတ္တုအပိုင်းအစ နှစ်ခု၊ မန်ကျည်းပင်အနီးရှိ နေအိမ် တစ်လုံး၏ထရံ၌ အပေါက်ငယ် ၁ဝ ခုတို့ကိုတွေ့ရှိခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားရခြင်းအကြောင်းအရင်း သိရှိ နိုင်ရန်အတွက် နတ်မောက်မြို့နယ် နယ်မြေခံတပ်စခန်းသို့ အကြောင်း ကြား ဆောင်ရွက်ထားကြောင်း၊ ရွှေပန်းတောနယ်မြေရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နတ်မောက်မြို့နယ် ရွှေပန်းတော နယ်မြေရဲစခန်းက အမှုဖွင့်ထား သည်။ ကျော်ဇေယျ

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖက်တောကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ်နှစ်ဦးသေ   ဖက်တောကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ်နှစ်ဦးသေ Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.