ပုသိမ်-မုံရွာကားလမ်းမှာ ယာဉ်တိုက်မှုဖြစ်၍ သေဆုံး/ဒဏ်ရာရ

 ထော်လာဂျီယာဉ်ကို ကျော်တက်သည့် ဆိုင်ကယ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ စက်တင်ဘာ ၁၂

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၉/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကန်ကြီ:ထောင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ကန်ကြီးထောင့်ဘက်မှ ပုသိမ်ဘက်သို့ ကန်ကြီးထောင့် မြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာနေ အောင်မျိုးသူ(၃၂)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မနန့်ပုံကြီး (၃၀)နှစ်နှင့် သမီးဖြစ်သူ မအိအိစံ(၃)နှစ်တို့ လိုက်ပါလာသည့် ၄၆ယ/××××× Luojia-110 အပြာရောင် ဆိုင်ကယ်မှာ ရှေ့မှမောင်းနှင်နေသည့် ထော်လာဂျီယာဉ်အား ကျော်တက်စဉ် ပုသိမ်ဘက်မှ ကန်ကြီးထောင့် ဘက်သို့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နေ ညီညီအောင်(၃၆)နှစ်မောင်းနှင်လာသည့် "ထက်ဦး" ခရီးသည်တင်မှန်လုံယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် မနန့်ပုံကြီးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အောင်မျိုးသူနှင့် မအိအိစံတို့တွင် ဒဏ်ရာများရရှိခဲ့၍ ပုသိမ်မြို့ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း အောင်မျိုးသူနှင့် ညီညီအောင်တို့အား ကန်ကြီးထောင့်မြို့မရဲစခန်း ယာဉ်(ပ)၃၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ပုသိမ်-မုံရွာကားလမ်းမှာ ယာဉ်တိုက်မှုဖြစ်၍ သေဆုံး/ဒဏ်ရာရ  ပုသိမ်-မုံရွာကားလမ်းမှာ ယာဉ်တိုက်မှုဖြစ်၍ သေဆုံး/ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.