မလေးဝန်ကြီးချုပ် နှုတ်ထွက်ပေးရေး ဆန္ဒပြခေါင်းဆောင်တွေကို ရဲဆင့်ခေါ်

Photo: AFP
 မလေးရှားဝန်ကြီးချုပ် Najib Razak ရာထူးကနုတ်ထွက်ဖို့ ဒီရက်ပိုင်းတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားခဲ့သူတွေကို မလေးရှား ရဲတပ်ဖွဲ့က လာရောက်အစစ်ဆေးခံဖို့ ဆင့်ခေါ်တဲ့ သမ္မန်စာတွေပို့ထားပါတယ်။

ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံပိုင်ငွေ ဒေါ်လာ သန်း ၇ဝဝ ကို သူပိုင်ငွေစာရင်းထဲ လွဲပြောင်းရယူခဲ့မှုအတွက်ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မလေးရှားနိုင်ငံတဝှမ်း လူထောင်သောင်းများစွာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ အဲဒီငွေတွေကို နိုင်ငံခြား အလှူရှင်တွေက ပေးတာဖြစ်ကြောင်း ဝန်ကြီးအဖွဲ့ဝင်တချို့က ထုတ်ဖေါ်ပြောဆိုကာ ဝန်ကြီးချုပ်အပေါ်ပစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အဲဒီလို သူ့အပေါ် ဝေဖန်ပြောကြားတဲ့ ဒုဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီး ၄ ဦးကို ဝန်ကြီးချုပ် Najib က အလုပ်က ထုတ်ပယ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံအတွင်း လူထုမကျေနပ်မှုတွေ တနေ့တခြား ပိုမိုကြီးမားလာနေပါတယ်။

ကမ္ဘာတဝှမ်းက နိုင်ငံခေါင်းဆောင်တွေရဲ့ လာဘ်စားမှုတွေကို စောင့်ကြည့်လေ့လာတဲ့ TI Transparency Internaitonal ခေါ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့က မလေးရှားနိုင်ငံမှာ အင်မတန်ကြီးမားတဲ့ အကျင့်ပျက်ခြစားမှုတစ်ခုဖြစ်ပွားနေပြီလို့ မနေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
မလေးဝန်ကြီးချုပ် နှုတ်ထွက်ပေးရေး ဆန္ဒပြခေါင်းဆောင်တွေကို ရဲဆင့်ခေါ်  မလေးဝန်ကြီးချုပ် နှုတ်ထွက်ပေးရေး ဆန္ဒပြခေါင်းဆောင်တွေကို ရဲဆင့်ခေါ် Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.