ထိုင်းနိုင်ငံသူအမျိုးသမီး ဆိုင်ပိုင်ရှင်အား မကြေနပ်၍ ဆီပူဖြင့် ပက်ခဲ့သည့် မြန်မာ အလုပ်သမား



news update 4September 2015

ယနေ့ မနက်ပိုင်း က ထိုင်းနိုင်ငံ ချချိုဆောင်း ပြည်နယ်တွင် အလုပ် ၀င်ခဲ့သည်မှာ နှစ်ပါတ်သာရှိသေးသူ မောင်ဇော် အသက် (၂၀ )က ကြက်ကင်ဆိုင် ပိုင်ရှင် ထိုင်းအမျိုးသမီးအား ဆီပူဖြင့်ပက်၍ သံကြိုးဖြင့် ရိုက်ခဲ့ သဖြင့် အနီးပါတ်ဝန်း ကျင်ရပ်ကွက်သားများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်းသိရသည်။

ဆိုင်ပိုင်ရှင် ဆ၀စ်သာ အသက် (၃၀ )က နေ့ စဉ် သူ့ တယောက်ထဲအား အလုပ်ကြမ်း အမျိုးမျိုးခိုင်းစေတာများပြီး ဆဲဆိုကြိမ်းမောင်း နေသည်ကို သည်းမခံနိုင်သည့်အဆုံး ယခုလို့  ဆူပွတ်နေသည့် ကြက်ကြော်ဆီဖြင့် ဆိုင်ရှင်အမျိုးသမီးအား ပက်ခဲ့ကြောင့် ၀န်ခံခဲ့ပါသည်။

ရောက်သည့်နေမှစ၍ အပြင်ပေးမထွက်ရသည့်အပြင် - အလုပ်သမား နေထိုင်ခွင့် လက်မှတ်အားလည်း သိမ်းထားခဲ့ကြောင်း ၊ဆိုင်တွင် လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမားများအား နေ့ စဉ် တိုက်ပိတ်၍ ခိုင်းစေခြင်း ခံနေရ သဖြင့်၎င်း ဆူပူကြိမ်းမောင်း နေခြင်းကြောင့်၎င်း မောင်ဇော်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက် လာရာမှ-ခံပြင်းဒေါသပေါက်ကွဲကာ ယခုလို ဖြစ်ခဲ့ရကြောင်း သိရပါသည်။
ဆိုင်ပိုင်ရှင်အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံအရေးပေါ်အခန်းတွင် တက်ရောက်ကုသနေရပြီး မောင်ဇော်အား ရဲစခန်းတွင် ဆက်လက် စစ်ဆေးနေကြောင်း သိရပါသည်။

Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW
ထိုင်းနိုင်ငံသူအမျိုးသမီး ဆိုင်ပိုင်ရှင်အား မကြေနပ်၍ ဆီပူဖြင့် ပက်ခဲ့သည့် မြန်မာ အလုပ်သမား   ထိုင်းနိုင်ငံသူအမျိုးသမီး ဆိုင်ပိုင်ရှင်အား မကြေနပ်၍ ဆီပူဖြင့် ပက်ခဲ့သည့် မြန်မာ အလုပ်သမား Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.