သမီးရည်းစား စကားများရာမှ ဓားဖြင့်ထိုးသတ်


           ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဗဟန်းမြို့မဈေးအတွင်း သမီးရည်းစားကိစ္စ စကားများရာမှ ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ သိရသည်။

            မှုခင်းဖြစ်စဉ်မှာ သင်္ကန်း အရောင်းဆိုင်တွင် အလုပ် လုပ်ကိုင်သူ မ......(၁၈) နှစ် နှင့် ကို......(၂၀) နှစ်တို့သည် ချစ်သူများ ဖြစ်ကြပြီး ဗဟန်းဈေး အပေါ်ထပ်တွင် မ..... အလုပ်လုပ်ရာ နေရာသို့ ကို......ရောက်ရှိလာပြီး သမီးရည်းစား ကိစ္စပြောဆိုရာမှ စကားများ ရန်ဖြစ်ခဲ့ရာ အသင့် ယူဆောင်လာသော ဓားဖြင့် ကို.......က မ.......၏ ၀မ်းဗိုက်အား  ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားကြောင်း ဆိုင်တွင်း တပ်ဆင်ထားသော CCTV ကင်မရာ မှတ်တမ်းများအရ သိရ ဗဟန်းမြို့မ ရဲခစန်း၏ မှုခင်း မှတ်တမ်းတွင် ရေးသားထားသည်။

            ဓားဖြင့် ထိုးခံရသည့် မ.......အား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ရာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့တွင် သေဆုံး သွားခဲ့သဖြင့် ၎င်း၏ အဒေါ်ဖြစ်သူက ဗဟန်းမြို့မ ရဲစခန်းသို့ တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။

            ယင်းကဲ့သို့ တိုင်တန်းမှုကြောင့် ကို..... (၂၀) နှစ် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်း ဇာတိအား ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၃)ရက် က ရန်ကုန် ပန်းဆိုးတန်း ဒလ သင်္ဘောဆိပ်တွင် ဖမ်းဆီးရမိသောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ဖြင့် ဗဟန်းမြို့မ ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အောင်သူ
The Messenger Media
http://www.messengerdaily.com/

သမီးရည်းစား စကားများရာမှ ဓားဖြင့်ထိုးသတ်  သမီးရည်းစား စကားများရာမှ ဓားဖြင့်ထိုးသတ် Reviewed by THITHTOOLWIN on 05:03 Rating: 5
Powered by Blogger.