ဟာဂျီ ၀တ်ပြုဆုတောင်းပွဲတော်တွင် လူအုပ်ကြီး ထိမ်းမနိုင်တိုးဝှေ့ ကြရင်း လူပေါင်း ၄၅၀သေဆုံး၊ ၇၁၉ဦး ဒဏ်ရာရ


breaking news 24 September 2015
ယနေ့ ပြုလုပ်နေသည့် ဆော်ဒေနိုင်ငံ မကာမြို့  တွင် ဘာသာရေးပွဲတော် ကျင်းပနေကြသည့် မူဆလင် ဘာသာဝင် နှစ်သန်းကျော် မှာ ၂၀၄ လမ်းမကြီး ပေါ်မှ လမ်းလျှောက်ဝတ်ပြုပွဲ အတွင်း လူချင်းတိုးကြိတ်ရင်း အသက်ရူ မွန်းကြပ်ခြင်း- လူအုပ်ကြီး တက်နင်းခံရမှုများကြောင့် မကာဘုရားဖူးလာသည့် လူပေါင်း ၄၅၀ သေဆုံး၍ ၇၁၉ ယောက် ဒဏ်ရာရခဲ့ကြောင်း ABC သတင်းမှာဖေါ်ပြထားပါတယ်။


ယခုနေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က တမန်တော်မိုဟာမက် နောက်ဆုံးအကြိမ် တရားဟောသွားခဲ့တယ်နေရာလို့ မှတ်ယူရပါတယ်။

အဲဒီမှာ တမန်တော်မိုဟာမက်က မွတ်စလင်တွေကို စည်းလုံညီညွတ်ကြဖို့ နဲ့ တန်းတူညီမျှဖို့ အတွက်တောင်းဆိုခဲ့ပါတယ်။
၅ ရက်ကြာကျင်းပတဲ့ Hajj ဘုရားဖူခရီးစဉ်ကို အင်္ဂါနေ့မှာ စတင်ပြီး ဘုရားဖူးတွေဟာ ကမ္ဘာတ၀ှမ်းက မွတ်စလင်တွေအားလုံး ဦးတည်ဝတ်ပြုတဲ့ မက်ကာရဲ့ Grand ပလီထဲက Kaaba အမည်းရောင် လေးထောင့် အဆောက်အအုံကိုပတ်ခဲ့ကြပါတယ်။

အဲဒီကနေ အာရာဖတ်တောင်ကို မသွားခင် ဘုရားဖူးတွေဟာ Mina ကို သွားရောက်ကြပါတယ်။ အစ္စလာမ်ဘာသာအရ၊ မွတ်စလင်တိုင်းဟာ တသက်မှာ တခါ Hajj ဘုရားဖူးခရီးသွားကြရပါတယ်။ Hajj ဘုရားဖူးခရီးဟာ အစ္စလာမ်ဘာသာရဲ့ အဓိက ဘာသာရေးယုံကြည်မှု မဏ္ဍိုင်ကြီး ငါးခုထဲက တခုပဲ ဖြစ်ပါတယ်။

http://www.abc.net.au/…/pilgrims-killed-in-crush-at…/6803178
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ဟာဂျီ ၀တ်ပြုဆုတောင်းပွဲတော်တွင် လူအုပ်ကြီး ထိမ်းမနိုင်တိုးဝှေ့ ကြရင်း လူပေါင်း ၄၅၀သေဆုံး၊ ၇၁၉ဦး ဒဏ်ရာရ   ဟာဂျီ ၀တ်ပြုဆုတောင်းပွဲတော်တွင် လူအုပ်ကြီး ထိမ်းမနိုင်တိုးဝှေ့ ကြရင်း လူပေါင်း ၄၅၀သေဆုံး၊ ၇၁၉ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.