ပလက်ဝမြို့ ရေဘေးကြောင့် အခက်ကြုံ နေချိန်တွင် နှစ်လုံးထီကြောင့် ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်နေ


 ချင်းပြည်နယ် ပလက်ဝမြို့တွင် ဒုတိယ အကြိမ် နှစ်လုံးထီ(ချဲ)များ ပြန်လည် ရောင်းချ နေသောကြောင့် ရေဘေး ဒုက္ခသည်များပါ နှစ်လုံးထီ(ချဲ)ကို ထိုးနေကြကြောင်း သိရသည်။

“ အခုလို ဒီ(ချဲ)ကို အချိန်မရွေး နေရာမရွေး ထိုးလို့ရနေတာက လုံးဝမကောင်းဘူး။ ရေဘေးကြောင့် စားဝတ်နေရေး အခက်အခဲ့ ဖြစ်နေဒါနဲ့ ဒီနှစ်လုံးထီသာ ဆက်ရောင်းနေရင်တော့ နောက်ဆို သူခိုး ဓါးပြတွေပေါလာနိုင်တယ်။ ” ဟု ဒေသခံတစ်ဦးကပြောသည်။

နှစ်လုံးထီကြောင့် အချို့မှာ စီးပွားပျက်ကာ ကြံရာမရဖြစ်ကြပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူများကိုပါ သူကိုယ်တိုင်မြင်တွေ့ဖူးကြောင်း နှစ်လုံးထီကို ရောင်းသူရှိနေသ၍ ဝယ်သူလည်းဆက်ထိုးနေမည် ဖြစ်သောကြောင့် သက်ဆိုက်ရာများမှ လပ်လျှူမရှုရန် သူကဆိုသည်။

ပလက်ဝမြို့တွင် ယခင်က နှစ်လုံးထီကို အဖမ်းအဆီးမရှိ ရောင်းချခွင့်ပေးထားသော စနစ်ရှိခဲ့ပြီး နှစ်အနည်းငယ်အကြာတွင် ရောင်းခွင့်ကို ပိတ်ပင်လိုက်ပြီး နောက်တွင် ယခုဒုတိယအကြိမ် နှစ်လုံးထီ(ချဲ)ကို ပြန်လည်ရောင်းနေကြောင်း သူကပြောသည်။

သန်းအောင် - News
The Arakan Times
https://www.facebook.com/The-Arakan-Times
ပလက်ဝမြို့ ရေဘေးကြောင့် အခက်ကြုံ နေချိန်တွင် နှစ်လုံးထီကြောင့် ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်နေ  ပလက်ဝမြို့ ရေဘေးကြောင့် အခက်ကြုံ နေချိန်တွင် နှစ်လုံးထီကြောင့် ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်နေ Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.