ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမည်ဟုဇေကမ္ဘာ ဦးခင်ရွှေပြော


 ဇေကမ္ဘာ ကုမပ္ပဏီ ဥက္ကဌ ဒေါက်တာ ခင်ရွှေက လာမည့် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် ကော့မှုး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက် အရွေး ချယ်ခံမည့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမည် ဖြစ်ကြောင်း စက်တင်ဘာလ (၁၆) ရက်နေ့က သီးသန့်တွေ့ဆုံရာတွင် ပြောကြား လိုက်သည်။

ဦးခင်ရွှေသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကော့မှုး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး မြို့နယ် (၆) ခုတို့မှ ကိုယ်စားပြုပြည်သူများအတွက် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၈) တွင် ၀င်ရောက်အရွေးခံမည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည့်အတွက် ကော့မှုးမြို့နယ်၊ ၀ါးသိင်္ခကျေးရွာအုပ်စု၊ ပျဉ်းကတိုးရွာတွင် အိမ်ထောင်စာရင်း ထည့်သွင်းထားခြင်း ဖြစ်သည်။

"ပျဉ်းကတိုးရွာက သူ့ကို ငါကိုယ်တိုင်မဲထည့်မယ်၊ ငါ သတ္တိရှိတယ်၊ သူက နိုင်ငံတော်အတွက် ဒီမိုကရေစီအတွက် အနစ်နာခံတာများတယ်။ အရှင်းဆုံးပြောရင် မြန်မာနိုင်ငံရဲ့ စီးပွါးရေးတိုးတက်ဖို့အတွက် သူ့ကိုပြပြီးလုပ်ဖို့ လိုတယ်။ ဒါကြောင့် လက်ခံရမယ်။ သူ့ရဲ့ဘ၀ ဒီလိုနေရင်းကုန်ဆုံးသွားရင် နှမြောဖို့ကောင်းတယ်။ အီးယူနဲ့အမေရိကားကလည်း ပါးစပ်သာပြောတယ်၊ အခုထိမလာဘူး။ ဂျပန်ပဲ လာတယ်။ အဲဒီမှာ အပြောင်းအလဲလေးတခုဖြစ်သွားရင် တိုင်းပြည်အပြောင်းအလဲတခု ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်။ ဒါပဲ"ဟု ပြောသည်။

ယခုအခါ ရွေးကောက်ပွဲဝင်ရောက်အရွေးချယ်ခံမည့် ပါတီများတွင် အချို့ကပါတီကိုသာ ကြည့်၍ မဲပေးရန်၊အချို့က လူကိုသာကြည့်၍ မဲပေးရန်၊ အချို့က ပါတီရော လူကိုပါ ကြည့်၍ မဲပေးရန် စည်းရုံးပြောဆိုနေကြပြီး ဦးခင်ရွှေကမူ "နယ်တွေကတော့ လူကို ပဲကြည့်ပြီး မဲထည့်ကြလိမ့်မယ်"ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော်များ ကျင်းပနိုင်ရေးနှင့် အစိုးရသစ် တခုပြောင်းလဲနိုင်ရေးအတွက် ပြည်သူများမဲပေးကြရမည့် ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၂ ပါတီနှင့် တသီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်းများစုစုပေါင်း ၆၀၀၀ ကျော် ၀င်ရောက်အရွေးချယ်ခံကြမည်ဖြစ်သည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမည်ဟုဇေကမ္ဘာ ဦးခင်ရွှေပြော  ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမည်ဟုဇေကမ္ဘာ ဦးခင်ရွှေပြော Reviewed by THITHTOOLWIN on 12:03 Rating: 5
Powered by Blogger.