ပုဏ္ဏားကျွန်းမြို့နယ် မှိုဟင်းတောကျေးရွာမှ လူ ၅ ဦး စက်လှေမှောက်သေဆုံး


 ရခိုင်ပြည်နယ် ပုဏ်ဏားကျွန်းမြို့နယ် မှိုဟင်းတောကျေးရွာမှ လူ ၈ ယောက်ပါ စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ယင်းရွာမှ ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၆ ရက်နေ့ မနက်စောစောတွင် မှိုဟင်းတောရွာမှ အဆိုပါလူ ၈ ဦးသည် မြောက်ဦးမြို့နယ် သံသရာကျေးရွာသို့ စားပက်ကျိကောက်ရန်သွားရာတွင် ကုလားတန်မြစ်ကို ဖြတ်ကူးရာ၌ ဟွန်ဒါစက်လှေ ပင်လယ်လှိုင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင့် သူကဆိုသည်။

သေဆုံးသူများမှာ ကိုဝင်းဦး (အသက် ၂၀ နှစ်)၊ မလှအေးသိန်း (အသက် ၂၂ နှစ်)၊ မလှအေးသိန်းသမီး (အသက် ၂ နှစ်) နှင့် ကိုဝင်းဦးညီမ (အသက် ၁၂ နှစ်) တို့ဖြစ်သည်။

သေဆုံးသူများထဲမှ အလောင်းတစ်လောင်းကိုရှာတွေ့ခဲ့ပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍ မရသေးကြောင်း အဆိုပါဒေသခံပြောသည်။

ညိုညို - News
The Arakan Times
https://www.facebook.com/pages/The-Arakan-Times
ပုဏ္ဏားကျွန်းမြို့နယ် မှိုဟင်းတောကျေးရွာမှ လူ ၅ ဦး စက်လှေမှောက်သေဆုံး  ပုဏ္ဏားကျွန်းမြို့နယ် မှိုဟင်းတောကျေးရွာမှ လူ ၅ ဦး စက်လှေမှောက်သေဆုံး Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.