ပြည်ခိုင်ဖြိုးပါတီမှ သျှမ်း၊ပအိုဝ်း နာမည်များအား ပြန်ဖျက်


 စက်တင်ဘာ၂၁ ရက် ၂၀၁၅

 စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းကစပြီး လင်းခေးခရိုင်မောက်မယ်မြို့နယ် ထဲရှိ သျှမ်းပြည်ခိုင်ဖြိုး၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဟု ရေးသားထားသော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ဆိုင်းဘုတ်များမှ အရှေ့စာလုံးဖြစ်သော သျှမ်း၊ ပအိုဝ်း ကိုပါတီဝင်များက လိုက်လံဖျက်ပစ်နေကြောင်းသိရသည်။

မဲဆွယ်စည်းရုံးခွင့်ပြုတဲ့နေ့ စက်တင်ဘာ(၈)ရက်စပြီး မြို့နယ်နေရာ အနှံ့ အပြားမှာ စိုက်ထူထားတဲ့ သျှမ်းပြည် ခိုင်ဖြိုး၊ပအိုဝ်းပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ကိုစိုက်ထူပြီး(၁၁)ရက်အကြာမှာယခုလိုဖျက်ပစ်ခြင်းဖြစ်သည်။

``သူတို့ပါတီဝင်တွေ မနက်ပိုင်းလောက်ကတည်းကစပြီး သျှမ်း၊ ပအိုဝ်း စာလုံးတွေ ကို အစိမ်းရောင် စပရေးဘူး တွေနဲ့မှုတ်ပစ်ပြီး ပျောက်သွားအောင် ဖျက်လိုက်ကြတယ်။ ဘယ်နှစ်နေရာကျန်မလဲမသိပေမယ့် မြို့ထဲနဲ့ရွာဖက် အတော်များများတော့ ဖျက်ပြီးတာတွေ့ရတယ်´´ဟု မျက်မြင်ဒေသခံတစ်ဦး မှပြောပြသည်။


ပြည်သူများကြားဝေဖန်မှုမြင့်တက်နေသောအဆိုပါအငြင်းပွားဖွယ်ဆိုင်းဘုတ်များအား ဖျက်ပစ်ခြင်းသည် အထက်မှ ဖိအားပေးခြင်းကြောင့်ဖြစ်နိုင်သည် ဟုပြည်ခိုင်ဖြိုးပါတီနှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းမှပြောသည်။

´´သူတို့ တွေက အထက်ကိုမတင်ပြဘဲ သူတို့သဘောအတိုင်း လူမျိုးရေး အသုံးချပြီး မဲဆွယ်ဆိုင်းဘုတ်တွေတင်လို့ အထက်ကသိပြီး ပြန်ဖျက်ခိုင်းတာ ထင်ပါတယ်´´ဟု ဒေသခံတစ်ဦးမှ ၄င်းဧ။်ထင်မြင်ချက်ကိုပြောပြသည်။

မောက်မယ်မြို့နယ်သည် ပြီးခဲ့သော၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည့်သူ့လွှတ်တော်နှင့်ပြည်နယ်လွှတ်တော်အမတ်(၂)နေရာအနိုင်ရရှိ ခဲ့သည်။ ထိုစဉ်ကလည်း မဲလိမ်မဲခိုးမှု၊ မဲမသမာမှုများ ရှိ ခဲ့သောဒေသများအနက် မောက်မယ်သည်လည်း တစ်ခုအပါအ၀င်ဖြစ် သည်ဟု ရပ်မိရပ်ဖ များကပြောဆိုပါသည်။

ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မောက်မယ်မဲဆန္ဒနယ် ၌ ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ သျှမ်းတိုင်းရင်း သားများဒီမိုကရက် တစ်ပါ တီ၊သျှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် ၊ပြည်ထောင်စု ပအိုဝ်းအမျိုး သား အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစရှိ ပါတီကြီး ၅ ခု က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သျှမ်းသံတော်ဆင့်/ခါးဖန့်
https://www.facebook.com/Panglong.burmese
ပြည်ခိုင်ဖြိုးပါတီမှ သျှမ်း၊ပအိုဝ်း နာမည်များအား ပြန်ဖျက်  ပြည်ခိုင်ဖြိုးပါတီမှ သျှမ်း၊ပအိုဝ်း နာမည်များအား ပြန်ဖျက် Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.