ဒေါပုံမြို့နယ်တွင် အရွယ် မရောက်သေးသူအား အဓမ္မပြုကျင့်


          ဒေါ်........(၅၀)နှစ်၊ .......ရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ၏ တူမဖြစ်သူ မ........ (၁၁) နှစ်၊ လေးတန်းကျောင်းသူအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

          ဖြစ်စဉ်မှာ မ........(၁၁) နှစ်သည် (၃.၉.၁၅) ည (၈)နာရီခန့် အချိန် သူငယ်ချင်းများနှင့် ဆော့ကစားပြီး အပြန် တစ်ရပ်ကွက်တည်း နေထိုင်သူ ကို.........(၂၁) နှစ် က မုန့်ဝယ်ကျွေးမည်ဟု ဆိုကာ .......... ကမ်းနားလမ်းဘေး ရပ်ထားသော Taxi  ယာဉ်ဘေး မှောင်ရိပ်ကျသော နေရာအရောက်တွင် ကို...........(၂၁) နှစ်က မ......... (၁၁) နှစ်အား သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မည်သူမျှ ပြန်မပြောရဲသည့် အတွက် ပြောဆိုခဲ့မှု  မရှိကြောင်း၊ (၅.၉.၁၅) နေ့တွင် ဆီးသွားစဉ် သွေးများ ပါလာသဖြင့် အဒေါ်ဖြစ်သူ ဒေါ်........ (၅၀) နှစ်က ချော့မော့ပြီး   မေးမြန်းရာ တစ်ရပ်ကွက်တည်းနေသူ ကို........ က  သားမယားအဖြစ်  တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

          ဒေါ် ...... (၅၀) နှစ်က ကို ....... (၂၁) နှစ်အား အရေးယူပေးပါရန် တိုင်ကြားလာသဖြင့် (ပ)၂၃၁/၂၀၁၅၊ ပြစ်မှုပုဒ်မ (၃၇၆) ဖြင့် ရဲအုပ်ကျော်ဝင်း  (ဒုစခမ) မှ  ကို ......... အား ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အောင်သူ
The Messenger Media
http://www.messengerdaily.com/
ဒေါပုံမြို့နယ်တွင် အရွယ် မရောက်သေးသူအား အဓမ္မပြုကျင့်   ဒေါပုံမြို့နယ်တွင် အရွယ် မရောက်သေးသူအား အဓမ္မပြုကျင့် Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.