တောင်ကျရေကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ဟားခါးလေးကျေးရွာ လူနေထိုင်ရန် မဖြစ်နိုင်တော့ဟုဆို


 ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တောင်ကျရေကျ ဆင်းခဲ့ခြင်းကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ချင်းပြည်နယ် တွန်ဇံမြို့နယ် ဟားခါးလေး (သို့) တွီးခိဇန် ကျေးရွာဟာ ယခုအခါ လူနေထိုင်ရန်မဖြစ်နိုင်တော့သဖြင့် ယင်းမြို့နဲ့သုံးမိုင်ခန့် အကွာ တွင် ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ “အရင်နေရာက လုံးဝနေထိုင်လို့ မရတော့ ဘူးပေါ့။ အိမ်အသစ်ပြန်ဆောက်ပေး ဖို့ကတော့ အလှူရှင် တွေ ရှိရင်တော့ ဆောက်ပေးဖြစ် မယ်။ နိုင်ငံတော် က လဲ ဆောက်ပေးနိုင် ဖို့ စီစဉ်နေ ပါတယ်” ဟု ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်အေး က ပြောကြောင်း အင်တာနက် တွင် ဖော်ပြသည်။

အဆိုပါ ဟားခါးလေးကျေးရွာဟာ တောင်ပေါ်မှ စီးကျလာသော ရွှံ့နွံများကြောင့် နေအိမ် တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ပြီး ယခုအချိန်အထိ နေထိုင်ရန်မဖြစ်နိုင်သောကြောင့် လောလောဆယ် ယာယီ ရွက်ဖျင်တဲများဖြင့် ဆောက်လုပ်ထားသော တဲများတွင် နေထိုင်နေရခြင်းဖြစ်သည်။

ဟားခါးလေးကျေးရွာကို ဌာနဆိုင်ရာ၊ အင်န်ဂျီအို၊ လူမှုရေးအဖွဲ့တွေက လာရောက်အကူအညီပေးနေကြောင်း၊ ယခုအခါ ယာယီကျောင်းဆောင် ဆောက်ပြီး ကျောင်းဖွင့်ပေးထားကြောင်း နှင့် ပြီးခဲ့သည့် စက်တင်ဘာလဆန်းတုန်း ကလည်း အနီးအနားကျေးရွာများမှ လူငယ်များ ရာနဲ့ချီလာရောက်ပြီး ယာယီတဲများတည်ဆောက်အကူအညီပေးခဲ့ကြ ကြောင်း သိရသည်။

တွန်းဇံမြို့နယ်မှ တွီးခိဇန်ကျေးရွာတွင် တွီးခိဇန်(က)ကျေးရွာနှင့် တွီးခိဇန်(ခ)ကျေးရွာဟူ၍ကျေးရွာ နှစ်ရွာရှိပြီး ယခုဖြစ်စဉ်သည် တွီးခိဇန် (ခ)ကျေးရွာတွင် ကြုံတွေ့ရခြင်းဖြစ်ကာ ဩဂုတ်လအစောပိုင်းတွင် လည်း ရေကြီး ခဲ့  ခြင်းကြောင့် တွီးခိဇန်(က) တွင်လည်း ယာယီကယ် ဆယ်ရေး စခန်းပေါင်း (၇၀) ခန့် ဖွင့်လှစ်ထားရဆဲ ဖြစ်ကြောင်း သိရသည်။

ခိုနူမ်းထုန်
http://www.khonumthungburmese.org
တောင်ကျရေကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ဟားခါးလေးကျေးရွာ လူနေထိုင်ရန် မဖြစ်နိုင်တော့ဟုဆို   တောင်ကျရေကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ဟားခါးလေးကျေးရွာ လူနေထိုင်ရန် မဖြစ်နိုင်တော့ဟုဆို Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.