ဆီးရီးယား ၌ ရုရှားလေကြောင်း တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထား


ဂျေရုဆလင် ၊ ၃-၉-၂၀၁၅

ဆီးရီးယား သမ္မတ ဘာရှာအယ်လ်  အာဆတ် အစိုးရကို တိုက်ခိုက်မှုများ လုပ်ဆောင် နေသည့် အတိုက်အခံ သူပုန်များနှင့် ISIS စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အတွက် ရုရှားအစိုးရက ၄င်းတို့၏ လေကြောင်း တပ်ဖွဲ့ဝင် များအား ဆီးရီးယားနိုင်ငံ အတွင်း တပ်ဖြန့် ခဲ့ကြောင်း အစ္စရေး နိုင်ငံပိုင် Ynet သတင်းဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ရုရှားတပ်ဖွဲ့ဝင် အချို့သည် ယခုအခါ ဆီးရီးယားနိုင်ငံ အတွင်း ရောက်ရှိလျက် ရှိပြီး လာမည့် ရက်သတ္တပတ် တွင်လည်း လေကြောင်း တပ်ဖွဲ့ဝင်များ ပါဝင်သည့် ရုရှား တပ်ဖွဲ့ဝင် ၁ဝဝဝ ခန့် ထပ်မံတပ်ဖြန့် သွားမည် ဖြစ်ကြောင်း Ynet သတင်းဌာနက စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန် ထားသည်။

အဆိုပါ ရုရှားတပ်ဖွဲ့ဝင် များသည် ဒမတ်စကပ်မြို့ အနီးရှိ ဆီးရီးယား လေတပ် အခြေစိုက်စခန်း တစ်ခုကို အသုံးပြု သွားဖွယ် ရှိသည့်အပြင် ၄င်းတပ်ဖြန့်မှု များအတွင်း တိုက်လေယာဉ်များ၊ ရဟတ်ယာဉ် များလည်း ပါဝင်ကြောင်း သိရသည်။

အလားတူ အမေရိကန်နှင့် ၄င်း၏ မဟာမိတ်နိုင်ငံ များကလည်း ISIS စစ်သွေးကြွ  များကို တစ်နှစ်ခန့်ကြာ လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဆီးရီးယား ၌ ရုရှားလေကြောင်း တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထား  ဆီးရီးယား ၌ ရုရှားလေကြောင်း တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထား Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.