ပြတ်သွားသည့်ဓာတ်ကြိုးအား ပြန်ဆက်ရာက ဓာတ်လိုက်သေဆုံး


နေပြည်တော်၊ စက်တင်ဘာ ၁၄

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာတွင် လူတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ မြေတော်ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ဇော်ဇော်အောင်(၁၇)နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်ခြံဝန်းအတွင်းရှိ ကုက္ကိုပင်ပေါ်တက်၍ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းစဉ် လမ်းမီးတိုင်မှ နေအိမ်သို့သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုးပေါ်သို့ သစ်ကိုင်းပြုတ်ကျကာ ဓာတ်ကြိုးပြတ်တောက်သွားသဖြင့် လျှပ်စစ်ဓာတ်ကြိုးအားပြန်ဆက်ရာက ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ ရေစကြိုမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ပြတ်သွားသည့်ဓာတ်ကြိုးအား ပြန်ဆက်ရာက ဓာတ်လိုက်သေဆုံး  ပြတ်သွားသည့်ဓာတ်ကြိုးအား ပြန်ဆက်ရာက ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.