ရန်ကုန် ထားဝယ်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ပစ်ခတ်ခံရ


15-9-2015  ယနေ့  မနက်ပိုင်းတွင် ကားမောင်းသူ ရှိသည့် နေရာများကို သေနတ်များဖြင့် ပစ်ခတ် ၍ ရန်ကုန် - ထားဝယ် အမြန်မှန်လုံး ကား ၅ စီးခန့် အပစ်ခံ ခဲ့ရကြောင်း သိရပါတယ်။

ရန်ကုန်မှ ထားဝယ်သို့ ထွက်လာကြသော ခရီးသည် Expressမှန်လုံ ခရီးသည်ကားများ ရေးမြိုနယ် လမိုင်းအကျော် နှင်းစုံကျေးရွာ အနီး ရေးမြို့မရောက်ခင် ၅မိုင်အတွင်းလောက်မှာ အဆိုပါ ခရီးသည်ကားများကိုရပ်တားရာမှ ကားများ မရပ်သောကြောင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြပါကြောင်း (မည့်သည့်အဖွဲ့မှ လုပ်ဆောင်သွားကြသည်ကို မသိရှိလိုက်ကြောင်း ကားသမားများ အပြော), အဆိုပါ ဖြစ်ပျက်မှုကြောင့် ခရီးသည်ကားများ ထားဝယ်သို့ နောက်ကျမှ ၀င်ရောက်နိုင်ခဲ့ကြပါသည်။

အချို့ အိမ်စီးကားများနှင့် Expressမှန်လုံကားများမှာ ဖြစ်ပွားနေရာမှ ကားတန်းမှာ ပိတ်မိအနေအထားမျိုး တွေ့ကြုံနေလိုက်ရတာကို မြင်လို့ အတွေ့အကြုံအရ ကားသမားများမှ ကားများကို နောက်ဆုတ် မီးပိတ်ရပ်နား အခြေအနေများ စောင့်ကြည့် ပီးမှ ထွက်လာရပါကြောင်း။

အဆိုပါ ပစ်ခတ်မှုကြောင့် ခရီးသွား ပြည်သူလူထုများများစွာ စိတ်ပူပန်စိုးရိမ်စိတ်များ ဖြစ်နေသွားရပါကြောင်း၊
ဆက်လက်ပီး ခရီးသွားပြည်သူလူထုများ လမ်းခရီးလုံခြုံ ချောမွေ့သွားလာ နိုင်စေရေးတို့ အတွက် မျှော်လင့်အားကိုးကြီးစွာ စောင့်မျှော် နေကြပါကြောင်း၊ ရှေ့တစ်ပတ်လောက်ကလည်း တနင်္သာရီတိုင်းအကျော် မွန်ပြည်နယ်အစပ် ရေးမြို့နယ်အတွင်းမှာလည် ဒမြ တိုက်မှုလည်း ဖြစ်ပွားခဲ့တယ့် အနေအထား မျိုးရှိခဲ့ပါသည်။

သတင်း - ဓါတ်ပုံ ။ ။ Welcome TO Peace (fb)






ရန်ကုန် ထားဝယ်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ပစ်ခတ်ခံရ  ရန်ကုန် ထားဝယ်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.