ကော့သောင်းမြို့တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန် လေပြင်းတိုက်ကာ လျှပ်စစ် ဓါတ်အားပေး တိုင်များနှင့် သစ်ပင်ပြိုလဲမှု ဖြစ်ပွား


ကော့သောင်း ၊ စက်တင်ဘာ ၁၇ ရက်

ကော့သောင်းမြို့တွင် စက်တင်ဘာ၁၆ရက် နံနက် ၃ နာရီခန့် က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်သဖြင့် လျှပ်စစ် ဓါတ်အားပေးတိုင် နှင့် သစ်ပင်ပြိုလဲမှုဖြစ်ပွားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာလ (၁၅)ရက်နေ့ ထုတ်ပြန်ချက် အရ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်း ဗမ်ကို (Vanco) အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့နှင့် ဆက်စပ် လျက်ရှိသည့် ကပ္ပလီပင်လယ် မှ လေဖိအားနည်း ရပ်ဝန်းများကြောင့် တနင်္သာရီတိုင်းဒေသ ကြီး၊ ကော့သောင်းမြို့တွင် စက်တင်ဘာ ၁၅ ရက် မှစတင်ကာမိုးသည်း ထန်စွာရွာ သွန်းခဲ့ရာ စက်တင်ဘာ ၁၆ ရက် နံနက်(၃)နာရီခန့်က မိုးသည်းထန်၍ လေပြင်းများ တိုက်ခတ်သဖြင့် နံနက်လင်းအားကြီးအချိန် တွင် ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းဘေး ရွှေပြည်စိုး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ရှေ့ရှိ လမ်းဘေးရှိ ဓါတ်အားပေးတိုင် လဲကျခြင်း၊ ကျိုး ကျခြင်း ကျေးရွာအဝင်လမ်းထိပ်ရှိ မန်ကျည်းပင်ကြီး ပြိုလဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်များအား သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိ သူများနှင့် ကျေးရွာပြည်သူများ၏ ပူးပေါင်း ပါဝင်ကူညီ ပြင်ဆင် မှုကြောင့် ဓါတ်အားလိုင်းများ ခေတ္တသာပြတ်တောက်ခဲ့ရပြီး၊ ပျက်စီးဆုံးရှုံးမှု အနည်း ငယ်မျှ ဖြစ်ပေါ်ခဲ့သည်မှ လွဲ၍လူထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှု မရှိကြောင်းသိရှိရသည်။


တောင်တရုတ်ပင်လယ်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တို့ဖြင့် သည် ဆက်စပ်နေသဖြင့် အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ဒေသများသို့ ထပ်မံ သက်ရောက် လာနိုင် သည် ဖြစ်ရာပင်လယ်ကမ်းစပ်များတွင် နေထိုင်သည့်ပြည်သူများ၊ ပင်လယ်ခရီးသွားလုပ်ငန်းများ၊ ငါးဖမ်းရေယာဉ်များအား သတိပြုနိုင်ရန် အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးလျှက်ရှိသည့် မိုးလေဝသ သတင်းများအား နားထောင်ကြည့်ရှုကြရန် ဒေသတာဝန်ရှိ အဖွဲ့အစည်းများမှ အသိပေး နှိုးဆော်ထား ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကော့သောင်းမြို့တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန် လေပြင်းတိုက်ကာ လျှပ်စစ် ဓါတ်အားပေး တိုင်များနှင့် သစ်ပင်ပြိုလဲမှု ဖြစ်ပွား  ကော့သောင်းမြို့တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန် လေပြင်းတိုက်ကာ လျှပ်စစ် ဓါတ်အားပေး တိုင်များနှင့် သစ်ပင်ပြိုလဲမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.